Latest Stories

30.10.2012သီတင်းကျွတ်လပြည့်နေ့တွင် အလင်းရောင် ပရဟိတအသင်းမှ နံနက်ပိုင်းတွင် လစဉ်ပြုလုပ်နေကျဖြစ်သော အလင်းရောင်ပရဟိတအသင်းမိသားစုမှ ကြီးမှူး၍ ဘုံဆွမ်းလောင်းလှူပွဲကို တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှမ်းရိုးမကွင်းပြင်၌ အသင်းအုပ်ချူပ်သူများ အသင်းသူအသင်းသားများနှင့် မြို့မိမြို့ဖများ စေတနာရှင် များစုပေါင်း၍ ဘုံဆွမ်းလောင်းလှူခဲ့ပါသည်။

ဆွမ်းလောင်းပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပြီးနောက် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ လူနာများအား ထမင်းနှင့်ဟင်း အခြားသောစားသောက်ဖွယ်ရာများကို သွားရောက်လှူဒန်းကျွေးမွေးခဲ့ပါသည်။

 ထို့နောက် တာချီလိတ်မြို့ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအားထမင်းကျွေးမွေးကန်တော့ခြင်းကို တနေ့တည်းဖြင့် သုံးနေရာ၌ ကုသိုလ်ဒါန ပြုလုပ်ခဲ့ပါ၍ အသင်း၌ တာဝန်ရှိလူကြီးမင်းများ အလှူရှင်များ အသင်းသူအသင်းသားများ စေတနာရှင်လူငယ်များနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



မှတ်တမ်းဓါတ်ပုံများ


















































































































































Add caption








Leave a Reply