တာချီလိတ်မြို့၌ လစဉ်လတိုင်း လပြည့်/လကွယ်နေ့များတွင် အလင်းရောင်ပရဟိတအသင်းမှ စုပေါင်းဆွမ်းလောင်းပွဲအဖြစ် ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင်(၉)ကြိမ်မြောက် ဖြစ်ပါသည်။




စုပေါင်း ဆွမ်းလောင်းလှူပွဲ
ယခုလာမည့် (၉)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းပွဲသည် ဒုတိယ၀ါဆိုလပြည့်နေ့တွင် ကျရောက်သည်ဖြစ်တာကြောင့် ဆွမ်းလောင်းပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူကြမှာဖြစ်ပြီး ဆွမ်းလောင်းပြီးပါက ကြွရောက်လာသော သံဃာတော်များအား စုပေါင်း၍ ၀ါဆိုသင်္ကန်းကပ်လှူကြမှာဖြစ်သည်။

ဆွမ်းလောင်းပွဲကို ၂.၈.၂၀၁၂ ရက်နေ့တွင် သံဃာတော်အရှင်မြတ်များနှင့် သီလရှင်များအပါအ၀င် အပါး (၇၅၀)ကျော်အား စုပေါင်း၍ ဆွမ်းလောင်းလှူမှာဖြစ်ပါသည်။

စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲ

စုပေါင်း၍ ၀ါဆိုသင်္ကန်းကပ်လှူရာတွင် အလှူရှင်များအနေဖြင့် မိမိတို့ လှူဒါန်းလိုသော သင်္ကန်းများကို ၀ယ်ယူလာပြီး ရှမ်းရိုးမကွင်းရှိ ဆွမ်းလောင်းမဏ္ဍပ်တွင် လာရောက်၍ စာရင်းပေးသွင်းနိုင်သလို သင်္ကန်းများကို ဆွမ်းလောင်းမဏ္ဍပ်တွင် ဈေးနှုန်းသက်သာစွာဖြင့် စာရင်းပေးသွင်း၍လည်း ၀ယ်ယူကပ်လှူနိုင်ပါသည်။
( သင်္ကန်းအလှူရှင်များအနေဖြင့် မဏ္ဍပ်တွင် လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ သို့မှသာ အရေအတွက်ကို သိနိုင်မည်ဖြစ်ပါသည်။)
စုပေါင်းဝါဆိုသင်္ကန်းကပ်ချိန်တွင် အလှူရှင်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းနိုင်ပါသည်။

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူရန်အတွက် တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်း (၇၁)ကျောင်းမှ သံဃာတော်
( ၃၇၄ )ပါးနှင့် ကိုရင် ( ၃၃၁ )ပါး တို့အား ပင့်ဖိတ်ထားပါသည်။ သို့ပါ၍ သင်္ကန်းအလှူရှင်များအနေဖြင့် ယနေ့မှစ၍ ( ၁.၈.၂၀၁၂ )ညပိုင်းထိ လာရောက်စာရင်းပေးသွင်းနိုင်ပါရန် အသိပေးနှိုးဆော်လိုက်ပါသည်။

ရှမ်းရိုးမကွင်းတွင် ၂၇.၇.၂၀၁၂ မှ စ၍ ဆွမ်းလောင်းလှူမည့်နေ့ထိ မဏ္ဍပ်ထိုးထားပါသည်။ သဒ္ဒါကြည်ဖြူ အလှူရှင်များအနေဖြင့် စုပေါင်းဆွမ်းလောင်းလှူခြင်းနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းများနှင့် ပတ်သက်၍ ထိုမဏ္ဍပ်သို့ သွားရောက်ကာ စုံစမ်းနိုင်ပါသည်။

ဇီဝိတဒါန ဆေးကုသပေးခြင်း

အလင်းရောင်ပရဟိတအသင်း၏ (၉)ကြိမ်မြောက်ဆွမ်းလောင်းပွဲအတွက် ပြင်ဆင်မှုများကို ၂၇.၇.၂၀၁၂ မှ စ၍ ပြုလုပ်နေသည်ဖြစ်ရာ အသင်း၏ ကဏ္ဍတစ်ခုဖြစ်သော "အလင်းရောင် ပရဟိတအသင်း ဇီဝိတဒါ ဆေးကုသမှု" အစီအစဉ်တွင် ဒေါက်တာ ၀င်းဇော်(M.B.B.S) မှ ( ၂၈.၇.၂၀၁၂ )မှစ၍ (၁.၈.၂၀၁၂)ထိ အခမဲ့
ဆေးကုသပေးမှာဖြစ်ပါသည်။


ဆေးကုသချိန်မှာ နေ့လည်(၁)နာရီမှ ညနေ(၄)နာရီထိဖြစ်ပြီး မည်သူမဆို လာရောက် ကုသနိုင်ပါကြောင်း အသိပေးနှိုးဆော် ဖိတ်ကြားအပ်ပါသည်။

ပုံများကို ကြည့်ရန်

အလင်းရောင်ပရဟိတအသင်း

မှတ်ချက်။ ။ ယခု သတင်းစာသားမှာ တာချီလိတ်အွန်လိုင်းစာမျက်နှာတွင် တင်ထားပြီးဖြစ်သော်လည်း အချက်အလက်များ ထပ်မံဖြည့်စွက်ရန်မလိုတော့သည်ဖြစ်တာကြောင့် မူရင်းအတိုင်း ကူးယူဖော်ပြထားပါသည်။
Read More ...

အလင်းရောင်ပရဟိတအသင်း၏ (၉)ကြိမ်မြောက်ဆွမ်းလောင်းပွဲအတွက် ပြင်ဆင်မှုများကို ၂၇.၇.၂၀၁၂ မှ စ၍ ပြုလုပ်နေသည်ဖြစ်ရာ အသင်း၏ ကဏ္ဍတစ်ခုဖြစ်သော "အလင်းရောင် ပရဟိတအသင်း ဇီဝိတဒါ ဆေးကုသမှု" အစီအစဉ်တွင် ဒေါက်တာ ၀င်းဇော်(M.B.B.S) မှ ( ၂၈.၇.၂၀၁၂ )မှစ၍ (၁.၈.၂၀၁၂)ထိ အခမဲ့
ဆေးကုသပေးမှာဖြစ်ပါသည်။


ဆေးကုသချိန်မှာ နေ့လည်(၁)နာရီမှ ညနေ(၄)နာရီထိဖြစ်ပြီး မည်သူမဆို လာရောက် ကုသနိုင်ပါကြောင်း အသိပေးနှိုးဆော် ဖိတ်ကြားအပ်ပါသည်။

အလင်းရောင်ပရဟိတအသင်း
Read More ...

အလင်းရောင်ပရဟိတအဖွဲ့သားတို့သည်၂၀၁၂ ဇူလိုင်(၂၆)ရက်နေ့တွင် သေဆုံးသူ အသက်(၄၅)ခန့်ရှိသော ဦးသိန်းဇော်၏ ရုပ်အလောင်းအား တာချီလိတ်မြို့ရှိ မြို့မသုသာန်သို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။



ကောင်းရာသုဂတိလားပါစေ

အလင်းရောင်ပရဟိတအသင်း
Read More ...

၂၀၁၂ ဇူလိုင်(၂၄)ရက်နေ့ ညနေ (၅)နာရီတွင် တာချီလိတ်မြို့ရှိ ကန်သာပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်မှ သာမဏေများနာမကျန်းဖြစ်နေသည်ကိုအကြောင်းကြားလာသည်ဖြစ်ရာ ဆေးကုသမှုများ လိုအပ်နေသည်ဖြစ်ပါ၍ အလင်းရောင်ပရဟိတအသင်းတွင် ၀င်ရောက်၍ အခမဲ့ ဆေးကုသပေးနေလျှက်ရှိသော ဒေါက်တာဝင်းဇော်(M.B.B.S) အပါအ၀င် အလင်းရောင်ပရဟိတအဖွဲ့ဝင်တစ်ချို့တို့သည် ကန်သာပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ သာမဏေ(၁၉)ပါးနှင့် ကျောင်းသား(၂)ဦး တို့အား ဇီဝိတဒါနအဖြင့် ဆေးကုသပေးခဲ့ကြပါသည်။





ပုံများကို ကြည့်ရန်

အလင်းရောင်ပရဟိတအသင်း
Read More ...

ဇူလိုင်(၂၃)ရက်နေ့ ညနေ (၄)နာရီတွင် တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုတစ်ခုဖြစ်သော ၀မ်မိုင်ရွာ၏ အနောက်ဖက်ရှိ မကွေးကျောင်းတိုက်၏ တောင်စောင်းတစ်ဖက်တွင် ၆ပေမရှိတရှိ တဲတစ်လုံးတွင် အသက် ၄၀ ၀န်းကျင်ရှိသော အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သေဆုံးနေသည်ကို သိရှိရ၍ ဇူလိုင်(၂၃)ရက်နေ့အတွင် အလင်းရောင်ပရဟိတအဖွဲ့သားများ အလောင်းအား သယ်ယူ၍ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။





ဇူလိုင်(၂၄)ရက်နေ့တွင် သေဆုံးသူ၏အလောင်းအား အသင်းသားတစ်ချို့နှင့် မြို့မသုသာန်သို့ သွားရောက်၍ ပိုဆောင်သဂြိုလ်ခဲ့ကြပါသည်။

ကြိုးဆွဲချထားသော အလောင်းအား သယ်ယူလာသည့် မှတ်တမ်း ဗီဒီယို ဖြစ်ပါသည်။



ကောင်းရာသုဂတိလားပါစေ

အလင်းရောင်ပရဟိတအသင်း
Read More ...

ဇူလိုင်(၂၃)ရက်နေ့ ညနေ (၄)နာရီတွင် တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုတစ်ခုဖြစ်သော ၀မ်မိုင်ရွာ၏ အနောက်ဖက်ရှိ မကွေးကျောင်းတိုက်၏ တောင်စောင်းတစ်ဖက်တွင် ၆ပေမရှိတရှိ တဲတစ်လုံးတွင် အသက် ၄၀ ၀န်းကျင်ရှိသော အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သေဆုံးနေသည်ကို သိရှိရ၍ သက်ဆိုင်ရာ ရဲဌာနကို အကြောင်းကြားပြီး အလင်းရောင်ပရဟိတအဖွဲ့သားများမှ သွားရောက်၍ သယ်ယူကာ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။






အလင်းရောင်ပရဟိတအသင်း
Read More ...


၂၀၁၂ခုနှစ် ဇူလိုင်(၂၀)ရက်နေ့တွင် ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ ဆောက်လုပ်ဆဲဖြစ်သော တိုက်တစ်လုံးတွင် ဆွေမျိုးများမရှိဟု ယူဆရသော အသက်(၄၀)ကျော်ခန့်ရှိသောအရွယ် လူတစ်ဦးသည် နာတာရှည်ပုံစံဖြစ် သေဆုံးနေတာကို တွေ့ရ၍ ကျွန်တော်တို့ အလင်းရောင်ပရဟိတအဖွဲ့သားများမှ ကူညီ၍ ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ပေးခြင်း၊ ထိုမှတဆင့် သုဿာန်သို့ ပိုဆောင် သဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ယခုအကြိမ်ပါ နာရေးကူညီမှုမှာ ( ၇ )ကြိမ်မြောက် နာရေးကူညီမှုဖြစ်ပါသည်။

ပုံများကို ကြည့်ရန်


ကောင်းရာသုဂတိလားပါစေ
အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မိုင်းကိုးမှ ၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်းကို အောင်မြင်စွာဖြေဆိုခဲ့ကြသော ကျောင်းသား/သူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းအဖြစ် ဇူလိုင်(၁၇)ရက်နေ့က အ.ထ.က(ခွဲ)မိုင်းကိုးမှာ ပြုလုပ်ခဲ့ကြပါသည်။


ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို World Visionမှ ဒေသဖွံ့ဖြိုးရေးအစီအစဉ် အဖွဲ့ခေါင်းဆောင် ဦးညွန့်အောင်၊ မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးတင်မြင့်ဝင်း နှင့် ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းတို့မှ ကြီးမှူးကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူ (၇)ဦး နှင့် အောက်ချက် ၄၆.၆၇% ရှိအောင် ကြပ်မတ်သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။


ထိုအခမ်းအနားတွင် အလင်းရောင်ပရဟိတအသင်းမှ အလှူငွေ ထိုင်းဘတ်ငွေ ( ၂၀၀၀ )ဘတ် ပါဝင်လှူဒါန်းခဲ့ပါသည်။


အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

အလင်းရောင်ပရဟိတအသင်းအနေဖြင့် သာရေး နာရေး ဘာသာရေး လူမှုရေးများကို အခြေခံ၍ ပြုလုပ်နေလျှက်ရှိရာ (၈)ကြိမ်မြောက်ဆွမ်းလောင်းပွဲမှစတင်၍ ဇီဝိတဒါန ဆေးကုခန်းကို ဆွမ်းလောင်းမဏ္ဍပ်တွင် ဆွမ်းလောင်းပွဲမတိုင်မီ (၂)ရက်၌ ဒေါက်တာ ၀င်းဇော်(M.B.B.S.Mgy )မှ အခမဲ့ ကုသပေးလျက်ရှိပါသည်။ ဆေးကုသချိန်မှာ နေ့လည် (၁)နာရီမှ ညနေ(၄)နာရီထိဖြစ်ပါသည်။

၂.၈.၂၀၁၂ခုနှစ်တွင် ( ၉)ကြိမ်မြောက် ဆွမ်းလောင်းပွဲ ကျင်းပမည်ဖြစ်ရာ ဆွမ်းလောင်းပွဲ မကျင်းပမီတွင် ရှမ်းရိုးမကွင်းရှိ ဆွမ်းလောင်းမဏ္ဍပ်၌ အလင်းရောင်ပရဟိတအသင်း၏ ဇီဝိတဒါန ဆေးကုခန်းကို ၃၁.၇.၂၀၁၂ မှ ၁.၈.၂၀၁၂ထိ နေ့လည်(၁)နာရီမှ ညနေ(၄)နာရီထိ ( ၂ )ရက်တိတိ ဖွင့်လှစ်ထားမည်ဖြစ်ပါသည်။



အခမဲ့ ဆေးကုခန်းဖွင့်လှစ်မည့်နေ့ရက်ကို ယခုလို ဆွမ်းလောင်းပွဲပြီးချိန်တိုင်း ကြိုတင်အသိပေးပါမည်။

ပုံများကိုကြည့်ရန်

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

ဆွမ်းလောင်းပွဲ မကျင်းပမီတစ်ရက်အလိုရဲ့ ညမှာ မိုးများတဖွဲဖွဲရွာနေတာကြောင့် ဆွမ်းလောင်းမဏ္ဍပ် တည်ဆောက်ထားရာ ရှမ်းရိုးမကွင်းကြီးတစ်ခုလုံး ရေအိုင်များ ဗွတ်များနဲ့ ပြည့်နှက်နေခဲ့ပါသည်။


မနက်ရောက်လို့ (၆)နာရီဝန်းကျင်မှာ မိုးတဖွဲဖွဲ့ကျနေသော်လည်း ဆွမ်းလောင်းလှူပွဲကို စတင်ပြုလုပ်ခဲ့ကြပါသည်။ မိုးစက်များ ဗွတ်များ ထနေပေမဲ့လည်း သဒ္ဒါကြည်ဖြူ ကုသိုလ်ရှင်များအနေဖြင့် လာရောက်စုပေါင်း လောင်းလှူကြပါသည်။


ယခုပြုလုပ်သော (၈)ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲတွင် သံဃာတော်( ၅၇၃ )ပါး နှင့် သီလရှင်( ၃၅ )ပါး စုစုပေါင်း (၆၀၈)ပါး ကြွရောက် ဆွမ်းခံတော်မှုကြသည်။

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း
၂.၈.၂၀၁၂ တွင် (၉)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲပြုရာတွင် ဆွမ်းလောင်းလှူအပြီး၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမှာဖြစ်ပြီး ထို စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် မည်သူမဆို လာရောက်၍ သင်္ကန်းများကို ဆက်ကပ်လှုဒါန်းနိုင်ကြပါသည်။
သို့ပါ၍ ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းမှ ကြိုတင်၍ အသိပေး နှိုးဆော်လိုက်ပါသည်။



ပုံများကို ကြည့်ရန်

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းအနေဖြင့် သာရေး နာရေး ဘာသာရေး များကို ၀ိုင်းဝန်းကူညီပေးဆောင်ခြင်းပြုလုပ်နေကြသည်ဖြစ်ရာ ယခုအခါ တွင် အလင်းရောင်ပရဟိတအဖွဲ့အနေဖြင့် နာရေးကူညီမှုအဖြစ် လိုက်လံပို့ဆောင် ကူညီမှုပေးခဲ့သည်မှာ ( ၆ )ကြိမ်မြောက်ဖြစ်ခဲ့ပါပြီ။

ယခု(၆)ကြိမ်မြောက်တွင် အလင်းရောင်ပရဟိတအသင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုစိုးမင်း၏ ဇနီး မစန္ဒာဝင်း(ခ)မီသဲမ အသက်(၃၃)နှစ်အား နေ့လည်(၁)နာရီတွင် အဖွဲ့သားတစ်ချို့မှ သုဿန်သို့လိုက်လံကူညီပို့ဆောင်ကြသည်။

အသင်းသားတစ်ဦး၏ ဇနီးသေဆုံးသွားသည့်အတွက် အသင်းအနေဖြင့် ကိုစိုးမင်းနှင့် ထပ်တူထပ်မျှ ၀မ်းနည်းနှမျှောမိပါသည်။

ထို့နောက်မှာတော့ နေ့လည်( ၁)နာရီခွဲခန့်တွင် အလင်းရောင်အဖွဲ့မှ အဖွဲ့ဝင် အသက်(၄၈)နှစ်ရှိသော ဦးဆန်းလင်း၏ ရုပ်လောင်းအား သုဿန်သို့ပို့ဆောင်ခဲ့ကြသည်။


အသင်းဝင်တစ်ဦးဖြစ်သူ ဦးစံဝင်းအား မီးသင်္ဂြိုလ်ခြင်းမပြုမီတွင် အသင်းအနေဖြင့် ၎င်းအားအသင်းနှင့်မသက်ဆိုင်တော့ကြောင်း အမိန့်ပြန်တမ်းကို ဖတ်ကြားတဲ့အခါမှာ အသင်းများအားလုံး ၀မ်းနည်းရပါသည်။

အသင်းသားတစ်ဦးဆုံးရှုံးလိုက်ရသည့်အတွက် အသင်းအနေဖြင့် ကျန်ရစ်သူ မိသားစုဝင်နှင့်အတူ ၀မ်းနည်းနှမျှောမိပါသည်။


ပုံများကို ကြည့်ရန်



ကောင်းရာသုဂတိလားပါစေ
အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...


အလင်းရောင်ပရဟိတအသင်းမှ (၇)ကြိမ်မြောက်အဖြစ် စုပေါင်းဆွမ်းလောင်းပွဲကြီးကို ၃.၇.၂၀၁၂ ( အင်္ဂါနေ့) နံနက် (၆)နာရီမှနံနက်(၉)နာရီထိ ဆွမ်းလောင်းလှူခဲ့ကြပါသည်။


တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်း ( ၇၆ )ကျောင်းတို့မှ သံဃာတော် ( ၆၅၈ )ပါးနှင့် သီလရှင် ( ၃၅ )ပါး စုစုပေါင်း(၆၉၃)ပါး ကြွရောက် ဆွမ်းခံတော်မှုခဲ့ကြပါသည်။

ပုံများကို ကြည့်လိုလျှင် အောက်တွင်နိပ်ပါ


အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...


တာချီလိတ်မြို့ရှိ ဝှေခိုက် စာသင်ကျောင်းအနီး ညပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူတစ်ဦးသေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူ၏ အသက်အရွယ်မှာ ၃၅-၄၀ ၀န်းကျင်ရှိတယ်လို့ ယူဆရပြီး သေဆုံးသူရဲ့ ဆွေမျိုးများ အမည်နာမများကို မသိရှိရပါ။


ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် သေဆုံးနေကြောင်းကို တာချီလိတ်မြို့နယ် ယာဉ်ထိန်းအဖွဲ့မှ တွေ့ရရှိပြီး ၄ရက်မြောက်သော နေ့ (၂.၇.၂၀၁၂)တွင် သင်္ဂြိုလ်ကြရန်စီစဉ်သောအခါမှာ တာချီလိတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့နှင့်အတူ ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းမှ နာရေးကူညီမှုအနေဖြင့် လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ပါသည်။

ပုံများကို ကြည့်ရန်

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

အလင်းရောင်ပရဟိတအသင်းအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် လပတ်တွေ့ဆုံဆွေးနွေးပွဲကို
၁.၇.၂၀၁၂ ညနေ( ၆ )နာရီမှစပြီး JA (၁) စားသောက်ဆိုင်ရဲ့ အပေါ်ထပ်မှာ တွေ့ဆုံပွဲကို အခမ်းအနားအနေနဲ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အသင်း၏ ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ငွေစာရင်းရှင်းတမ်းနှင့် အသင်း၏ လုပ်ဆောင်ချက်များကို ဖတ်ကြားသွားပါသည်။


အသင်းရဲ့ နာယက(၄)ဦး ဖြစ်သူ ရဲမှူး(ငြိမ်း)ဦးမြင့်သိန်း၊ ဦးတင့်ဆွေ(မဇ္ဈီမဟိုတယ်)၊ ဦးစိုင်းဝဏ္ဏထွန်း
(၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး) နှင့် ဒေါ်အေးသင်း တို့ကို အသင်းသားများနှင့် မိတ်ဆက်ပေးကြပြီး အသင်းအား ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် အပြန်အလှန်ဆွေးနွေးမှုများကို ပြုလုပ်ကြပါတယ်။

အသင်းအနေဖြင့် လုပ်ငန်းသုံးယာဉ်တစ်စီးဝယ်ဖို့အတွက် အသင်း၏နာယကဖြစ်သူ ဦးတင့်ဆွေ (မဇ္ဈီမဟိုတယ်)က မတည်ငွေအဖြစ် ဘတ်ငွေ( ၂၀၀၀၀ )ဘတ်ကို မတည်လှူဒါန်းပြီး ဦးစိုင်းဝဏ္ဏထွန်း (၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး) မှ အလင်းရောင်ပရဟိတအသင်း၏ ရုံးခန်းအတွက် ကူညီပေးမှာဖြစ်ပြီး၊ ရဲမှူး(ငြိမ်း)ဦးမြင့်သိန်းအနေဖြင့် လုပ်ငန်းသုံးယာဉ်မ၀ယ်နိုင်သေးခင် ၎င်း၏ကားကိုယူသုံးနိုင်ကြောင်းနှင့် အသင်းအနေဖြင့် ရေရှည်တည်တံ့ခိုင်းမြဲရေးကို အကြုံပြုဆွေးနေကြပါတယ်။

အခမ်းအနားကို တက်ရောက်လာသော နောက်ထပ်အလှူများအနေဖြင့် ဦးမောင်လှ (ဆင်ဖြူတော်ကဖေး)မှ အလှူငွေကျပ်(၃)သိန်း၊ ဦးစံရွှေမြင့်(သစ္စာကဖေး)မှ (၃၀၀၀)ဘတ်တို့ကိုလှူဒါန်းသွားပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အထဲမှ ဧည့်သည်တော် ဒေါက်တာ(ဦး)၀င်းဇော် ကနေပြီး အလင်းရောင်ပရဟိတအသင်း၏ ရုံခန်းတွင် အချိန်ပိုင်းအဖြစ် ဆေးခန်း ၀င်ရောက်ပေးမှာဖြစ်ကြောင်း ပြောကြားလာတဲ့အတွက် အလင်းရောင်ပရဟိတအသင်းအနေဖြင့် ၀မ်းမြောက်ပီတီဖြစ်ရပါတယ်။

အလင်းရောင်ပရဟိတအသင်းအနေဖြင့် ရှေ့ဆက်ပြီး အခုလို အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်သွားမှာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင် ကြိုးစားသွားပါမည်။

တွေ့ဆုံပွဲ မှတ်တမ်းပုံများကို အောက်တွင် နိပ်၍ကြည့်ပါ


အလင်းရောင်ပရဟိအသင်း
www.tachileik.net
Read More ...