Latest Stories

30.10.2012သီတင်းကျွတ်လပြည့်နေ့ တွင် တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမိသားစုနှင့်တာချီလိတ်မြို့သူမြို့သားတို့က(၁၅)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူခဲ့ကြပါသည်။
ဆွမ်းလောင်းပွဲသို့ အသင်း နာယက ဦးမြင့်သိန်း၊နာယက ဦးတင့်ဆွေ ၊နာယက ဒေါ်အေးသင်း အသင်းဥက္ကဌ ဦးမြင့်ဦး ဒုဥက္ကဌ ဦးစိုးမိုး အတွင်းရေးမျူး ဦးအောင်မြင့်ရှိန် ပြန်ကြားရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ အသင်းသူအသင်းသားများက ဝိုင်းဝန်းကြိုးပမ်းကာတာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်(၆၈၅)ပါး၊သီလရှင်(၅၄)ပါးတို့အားဆွမ်းလောင်းလှူခဲ့ကြပါသည်။အလင်းရောင် ပရဟိတအသင်းမှ တာဝန်ရှိလူကြီးမင်းများ အသင်းသူ အသင်းသားများ လူငယ် များမြို့မိမြို့ဖများစေတနာရှင်များ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


မှတ်တမ်းဓါတ်ပုံများ


























Leave a Reply