အလင်းရောင်ပရဟိတအသင်း၏ လစဉ် လပြည့် လကွယ်နေ့တိုင်းတွင် တာချီလိတ်မြို့ရှိ စေတနာရှင်အလှူရှင်များနှင့် ပူးပေါင်း၍  စုပေါင်းဘုံဆွမ်းလောင်းလေ့ရှိရာ ၂၀၁၃ ခုနှစ် ဇူလှိုင်လ ၂၂ ရက်နေ့ ၀ါဆိုလပြည့် နံနက်(၆) နာရီ မှ (၈) နာရီထိ အလင်းရောင်ပရဟိတအသင်း၏ ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် ၃၃ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲတွင် သံဃာတော် အပါး(၈၀၀) ကျော် နှင့် သီလရှင် အပါး(၅၀) ကျော် တို့အား ၀ါဆိုသင်္ကန်းကပ်လှူ ပြီး စည်ကားသိုက်မြိုက်စွာ ဆွမ်းလောင်းလှူခဲ့ကြပါသည်။
ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် (၃၃) ကြိမ်မြောက် ဆွမ်းလောင်းပွဲတွင် အောင်မင်္ဂလာ လူငယ်တေးဂီတ ဆိုင်းဝိုင်းမှလည်း သီဆိုတီးမှုတ် တင်ဆက်ခဲ့ပါသည်။
ထိုသို့ ဆွမ်းလောင်းလှူရာတွင် သံဃာတော် (၈၂၀)ပါး နှင့် သီလရှင် (၅၀)ပါး စုစုပေါင်း (၈၇၀)ပါးတို့မှ ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ပါသည်။

Read More ...

အလင်းရောင်ပရဟိတအသင်း၏ လစဉ် လပြည့် လကွယ်နေ့တိုင်းတွင် တာချီလိတ်မြို့ရှိ စေတနာရှင်အလှူရှင်များနှင့် ပူးပေါင်း၍  စုပေါင်းဘုံဆွမ်းလောင်းလေ့ရှိရာ ၂၀၁၃ ခုနှစ် ဇူလှိုင်လ ၇ ရက်နေ့ နယုန်လကွယ် နံနက်(၆) နာရီ မှ (၈) နာရီထိ အလင်းရောင်ပရဟိတအသင်း၏ (၃၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲအဖြစ် လောင်းလှူခဲ့ကြပါသည်။

ထိုသို့ ဆွမ်းလောင်းလှူရာတွင် သံဃာတော် (၅၈၂)ပါး နှင့် သီလရှင် (၄၅)ပါး စုစုပေါင်း (၆၂၇)ပါးတို့မှ ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ပါသည်။

Read More ...

အလင်းရောင်ပရဟိတအသင်းသည် သီရိဟံသာဘုန်းတော်ကြီးကျောင်း(တာချီလိတ်)သို့ သံဃာတော်များ လွယ်ကူချောမွေ့စွာသွားလာလွယ်ကူရန်အတွက် တံတားတစ်ခု ဆောက်လုပ်လှူဒါန်းထားပါသည်။
တံတားတစ်ခုအတွက် တန်ဘိုးမှာ (၁၈၀၀၀)ဘတ်ဖြစ်ပါသည်။

Read More ...

အလင်းရောင်ပရဟိတ အသင်းတွင် သာရေး/နာရေး/ဘာသာရေး များကို လွယ်ကူချောမွေ့စွာ လုပ်ကိုင်နိုင်ရန်အတွက် ဦးစိုးမြိုင်+ဒေါ်ထွေးရင် - သား-စိုင်းစိုင်း - သမီး ဖြူပွင့်ကြိုင်၊လင်းပွင့်ကြိုင် ဆန်ဆိုင်း(ခ) မိသားစု မှ  နာရေးကူညီမှုနှင့်ပတ်သက်၍ အခေါင်းအတွက် ကုန်ကျမှု သက်သာစေရန်အလိုငှာ စတီးအခေါင်းတစ်လုံးကို  လာရောက်လှူဒါန်းသွားပါသည်။
စတီးအခေါင်းတစ်လုံး၏ တန်ဘိုးမှာ (၄၀၀၀၀) ဘတ်ဖြစ်ပါသည်။

Read More ...

" ဒုတိယ " အကြိမ်မြောက် အလင်းရောင်ပရဟိတ အသင်းမှကြီးမှုး၍ တာချီလိတ်မြို့၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော သံဃာတော်အရှင်သူမြတ် အပါး(ရ၀၀)တို့အား ၂၂.၇.၂၀၁၃
ဝါဆိုလပြည့်နေ့တွင် ရှမ်းရိုးမကွင်းအတွင်း၌  ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲနှင့်
(၃၃)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် သဒ္ဒါကြည်လင် ပါရမီရှင် အပေါင်းတို့မှလဲ မိမိတို့အလိုရှိသည့် သင်္ကန်းများကို ဆွမ်းလောင်းပွဲကျင်းပရာရှမ်းရိုးမကွင်းအတွင်း္ဗ၌ ဈေးနူန်းချိုသာစွာဝယ်ယူ၍ လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗ္ဗ္ဗ္ဗာန်အကျိုးမျှော်ကိုး၍ အသ္ဗိ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗပေးနိုးဆော်အပ်ပါသည်။

Read More ...