13.11.2012 သီတင်းကျွတ်လကွယ်နေ့ တွင်အလင်းရောင်ပရဟိတအသင်းနှင့် တာချီလိတ်မြို့သူမြို့သားတို့မှ (၁၆)ကြိမ်မြောက်ဘုံဆွမ်းလောင်းလှူပွဲ ကျင်းပပြီး လေယာဉ်ကွင်းကျောင်းတိုက်သို့ စုပေါင်း မဟာဘုံကထိန် လှည့်လည်ပို့ဆောင်ခဲ့ပါသည်။

(၁၆)ကြိမ်မြောက် ဘုံဆွမ်းလောင်းပွဲအား အသင်းဥက္ကဌ ဦးမြင့်ဦး ဒုဥက္ကဌ ဦးစိုးမိုး အတွင်းရေးမှူး ဦးအောင်မြင့်ရှိန် ပြန်ကြားရေးမှူး ဦဝင်းနိုင်နှင့် အသင်းတာဝန်ရှိသူများ အသင်းသူ အသင်းသားများ စေတနာရှင်လူငယ်များ မြို့မိမြို့ဖများနှင့် တာချီလိတ်မြို့သူမြို့သားတို့က စုပေါင်းလောင်းလှူသွားခဲ့ပါသည်။

ဆွမ်းလောင်းပွဲပြီးဆုံးသွားသော်တာချီလိတ်မြို့လေယာဉ်ကွင်းကျောင်းတိုက်သို့ အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကာ ပဒေသာပင်နှင့်တကွ လှူဖွယ်ဝထ္တုအစုစုတို့အား တာချီလိတ်မြို့တွင်းမှ လေယာဉ်ကွင်းကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့ပုံများကို မှတ်တမ်းဓါတ်ပုံနှင့်တကွ သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် ဝေမျှလိုက်ပါသည်။









မှတ်တမ်းဓါတ်ပုံများ











































































































Read More ...