Latest Stories




15.10.2012 တော်သလင်းလကွယ်နေ့တွင် အလင်းရောင် ပရဟိတအသင်းမှ(၁၄)ကြိမ်မြောက်  စုပေါင်းဘုံဆွမ်းလောင်းလှူခဲ့ပါသည်။ အလင်းရောင် ပရဟိတအသင်းမှ ဦးတင့်ဆွေ( နယက )ဦးစိုင်းဝဏ္ဏထွန်း(နယက )ဦးမြင့်ဦး(ဥက္ကဌ)ဦးစိုးမိုး(ဒုဥက္ကဌ)ဦးအောင်မြင့်ရှိန်(အတွင်းရေးမှူး)တို့နှင့်အတူ အသင်းသူအသင်းသားများ တာချီလိတ်မြို့သူမြို့သားများက ပူးပေါင်းလောင်းလှူခဲ့ပုံများကို မှတ်တမ်းတင်အပ်ပါသည်။
ထိုနေ့တွင် သံဃာတော်(၆၈၂) ပါး သီလရှင် (၄၃)ပါးအား ဆွမ်း၊လှူဖွယ်ပစ္စည်းအစုစုတို့ကို လောင်းလှူကာ ရေစက်ချအမျှပေးဝေခဲ့ပါသည်။
စာဖတ်သူများအနေဖြင့် အလင်းရောင်ပရဟိတအသင်းမှ ကောင်းမှုအစုစုတို့ကိုမျှဝေခံစားကြပါရန် ဝေမျှလိုက်ပါသည်။ 



မှတ်တမ်းဓါတ်ပုံများ
















Leave a Reply