ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့လေးတစ်မြို့ဖြစ်သော တာချီလိတ်မြို့တွင် ကျွနိုပ်တို့လူငယ်များအနေဖြင့် လိုအပ်သောနေရာများကို တတတ်တအားပါဝင်ဆောင်ရွက်နိုင်ရန်၊ လူငယ်များလမ်းမှန်ရောက်စေရန်၊ လူငယ်များ ကောင်းမွန်သောလုပ်ဆောင်ချက်များကို ပြုနိုင်ရန်၊ လူငယ်များ ပရဟိတ ဆိုသော ဝေါဟာရ၏ အရသာကို သိရှိခံစားနိုင်ရန်၊ လူမှုလုပ်ငန်းများကို ထိတွေ့လုပ်ကိုင်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျွန်ုပ်တို့အနေဖြင့် ၁.၁.၂၀၁၂ တွင် ပူဂဓမ္မ ပရဟိတ လူငယ်များအဖွဲ့ ဟုခေါ်သော အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၁.၂.၂၀၁၂ တွင် သီတဂူဆရာတော်ဘုရားကြီးမှ ကျွန်ုပ်တို့ပေးထား ပူဂဓမ္မ အမည်ကို မသင့်မြတ်သောကြောင့် အမည်ပြောင်းလဲရန်အကြံပေးခဲ့ပါသည်။

ထို့ကြောင့် ကျွနိုပ်တို့အနေဖြင့် အလင်းရောင် ပရဟိတ ဟု ပြောင်းလဲ ခေါ်ဆို သမုတ်ခဲ့ပါသည်။ ထို အလင်းရောင် ပရဟိတ အမည်ကို အဖွဲ့ ၁၄ဦးဖြင့် ၂၃.၂.၂၀၁၂ နေ့လည် ၂း၄၅ တွင် အတည်ပြုခဲ့သည်။

အလင်းရောင်ပရဟိတ မှ လုပ်ဆောင်ချက်များမှာ ဘာသာရေး၊ သာရေး၊ နာရေး နှင့် လူမှုလုပ်ငန်းများကို အထူးဦးစားပေးဆောင်ရွက်သွားရန် အထူးရည်ရွယ်ပါသည်။

ကျေးဇူးတင်ပါသည်
အလင်းရောင် ပရဟိတ
Read More ...