၈.၈.၂၀၁၂ ည ၂၃း၃၀ချိန်ခန့်၌် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် အသက် ( ၂၇ )နှစ်အရွယ်ရှိသော ကိုကိုလွင်သည် မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးသွားခဲ့သည်။




ကြိုးဆွဲချသေဆုံးသူ၏ အလောင်းအား ကြိုးဖြတ်ပြီး ရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ရန်အတွက် မြို့နယ်ရဲစခန်းမှ အလင်းရောင်ပရဟိတအသင်းအား အကူညီတောင်းလာ၍ အလင်းရောင်ပရဟိတအသင်းမှ သွားရောက်ကာ 9.8.2012 1:30AM ခန့်တွင် အလောင်းအား သယ်ယူပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ကောင်းရာသုဂတိလားပါစေ

ပုံများကို ကြည့်ရန်
အလင်းရောင်ပရဟိတအသင်း
Read More ...

အသင်းအနေဖြင့် တရားပွဲများတွင် ဝေယျာဝစ္စလုပ်ဆောင်ရာ တရားပွဲသို့ လာရောက်လိုသူများအား ကားဖြင့် ကြိုပို့လုပ်ပေးခဲ့သူ ပါလျှံ နေ ကိုမောင်နိုင်ဆိုသူသည် အသည်းခြောက်ရောဂါနှင့် အစာအိမ်သွေးကြောပေါက်ရောဂါဖြစ်နေ၍ ဆေးကုသရန်အတွက် အလင်းရောင်ပရဟိတအသင်းမှ နာမှုကူညီငွေအဖြစ် ဘတ်ငွေ ( ၅၀၀၀ ) ကို 7.8.2012 ည (၈)နာရီခန့်တွင် အဖွဲ့ ဥက္ကဌ ဦးမြင့်ဦး၊ အတွင်းရေးမှူး ဦးဟိန်းမင်း၊ ဦးလှမိုး၊ ဦးမျိုး၊ ဦးသီဟ တို့ သွားရောက်၍ အားပေးစကားပြောရင်း ကူညီငွေပေးခဲ့ကြပါသည်။


အလင်းရောင်ပရဟိတအသင်း
Read More ...

ယခုနှစ်ရဲ့ သြဂုတ်လ(၄)ရက်နေ့ ၊ ည (၈)ခွဲခန့်တွင် ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်လုံရွာထဲရှိ လမ်းဘေး(ညာဖက်ခြမ်း)တွင် အသက်(၃၃)နှစ် အရွယ် လူတစ်ဦး သေဆုံးနေသည်ကို အနီးအနား လူများမှ တွေ့ရှိရ၍ နီးစပ်ရာဌာနသို့ သတင်းပို့သည်ကို သိရှိရသည်။


သေဆုံးသူသည် အရက်များအလွန်အကျွံမူးနေခြင်းဖြစ်သည်ကို တွေ့ရရှိပြီး ဦးခေါင်းတွင် အနည်းအငယ်ဒဏ်ရ၍ သေဆုံးနေကြောင်း တွေ့ရှိရကာ၊ အများမှ ၎င်းအား ယာဉ်တစ်စီးစီးမှ ပွတ်တိုက်သွားဟန်ရှိပြီး အမူးလွန်သွားခြင်းလည်းဖြစ်ကာ ပြန်မထနိုင်တော့ပဲ အအေးမိကာ သေဆုံးသွားဟန်ရှိသည်ဟု အများမှယူဆကြသည်။ ထို့ပြင် သေဆုံးသူမှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်ဟု သိရှိရသည်။



သို့ပါ၍ 6.82012နေ့တွင် ယာဉ်ထိန်းရဲအုပ်စံသိန်း နှင့် အလင်းရောင်ပရဟိတအဖွဲ့ဝင်တို့သည် သေဆုံးသူ၏ အလောင်းအား ရင်ခွဲရုံမှတဆင့် မြို့မသုသာန်သို့ သွားရောက် သဂြိ င်္ုလ်ပေးခဲ့ပါသည်။

ကောင်းရာသုဂတိလားပါစေ

ပုံများကိုကြည့်ရန်
အလင်းရောင်ပရဟိတအသင်း
Read More ...

အလင်းရောင်ပရဟိတအသင်းမှ ကျင်းပသည့် စုပေါင်းဘုံဆွမ်းလောင်းပွဲနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ၏ နောက်ဆုံးညတွင် စေတနာဖြင့် ဝေယျာဝေစ္စလုပ်ကူပေးခဲ့သော ဦးသက်ကျော်လွင် ဆိုသောသူသည် ရဟန်းဝတ်လိုသည်ဟု 3.8.2012 နေ့လည်ပိုင်းတွင် အသင်း၏အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုသီဟ အား ဆက်သွယ် ပြောကြားလာသောကြောင့် ကိုသီဟ မှ အသင်း၏ အတွင်းရေးမှုး ကိုဟိန်းမင်းအပါအ၀င် အဖွဲ့ဝင်တစ်ချို့နှင့် တိုင်ပင်ကြကာ ကိုသက်ကျော်လွင် အား တာချီိလိတ်မြို့နယ်၊ ( ဟောင်လိတ်ကျေးရွာအုပ်စုဝင်) ရီဂျီနား ဟိုတယ်အနောက်ဘက်ခြမ်း ရှိ ရွှေဟင်္သာ ကျောင်းတိုက်တွင် ရဟန်ဝတ်ပေးခြင်းကို ညနေ ( ၅)နာရီတွင် အလှူတစ်ခုပြုလုပ်ခဲ့ပါသည်။






သိမ်ဆင်းလာသော ရဟန်း(၁၀)ပါးအား ထီး သင်္ကန်းတစ်စုံစီဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဘုန်းကြီးကျောင်းသို့အသွားတွင် လမ်းတစ်လျှောက် ရွံ့နွံများ ပေါများနေတာကြောင့် ကားသွားလာမှု ဆိုင်ကယ်သွားလာမှုမှာ အဆင်မပြေဖြစ်သည်များကိုလည်း ကြုံတွေ့ခဲ့ရသလို။ အသင်းမှ ကားလည်း လူအင်အားများများဖြင့် တွန်းခဲ့ရတာလည်း ဖြစ်ခဲ့ပါသည်။ မည်သို့ဖြစ်စေ ယခုကဲ့သို့ အသင်းအနေဖြင့် သာသနာပြုခွင့်ယူသည့်အတွက် ၀မ်းသာကြည်နှူးမိရင်း သဒ္ဒါကြည်ဖြူမိတ်ဆွေအများအနေဖြင့် သာဓုခေါ်ဆိုနိုင်ရအတွက် မှတ်တမ်းတင်လိုက်ပါသည်။


ထိုဘုန်းကြီးကျောင်း တစ်ဝိုက်တွင် ကျောင်းပေါင်း ( ၁၅ )ကျောင်း ၀န်းကျင်ရှိပါသည်။

ပုံများကို ကြည့်ရန်

အလင်းရောင်ပရဟိတအသင်း
Read More ...

၂၀၁၂ခုနှစ် သြဂုတ်လ(၂)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် ဒုတိယဝါဆိုလပြည့် ကြာသပတေးနေ့တွင် အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပသော စုပေါင်းဆွမ်းလောင်းလှူပွဲနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲ အခမ်းအနားကို နံနက်(၆)နာရီမှ နံနက်(၉)နာရီထိ ကျင်းပခဲ့ကြပါသည်။


ဆွမ်းလောင်းလှူပွဲ နှင့် ၀ါဆိုသင်္ကန်းကပ်ပွဲသို့ သံဃာတော် ( ၄၇၀)ပါး၊ ကိုရင် ( ၁၅၀ )ပါး နှင့် သီလရှင်( ၅၀ )ပါး စုစုပေါင်း ( ၆၇၀ )ပါး ကြွရောက် အလှူခံတော်မူပါသည်။


စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း အစီအစဉ်ကိုတော့ ဆွမ်းလောင်းပွဲအပြီးမှာ စတင်ခဲ့ကြသည်။ သင်္ကန်းကပ်လှူကြသော သင်္ကန်းအရေအတွက်မှာ စာရင်းအရ ( ၁၂၄၁ )စုံ ရှိသည်။ နောက်မှရောက်လာပြီး စာရင်းမသွင်းဖြစ်သော သင်္ကန်းများမှာ အစုံ (၅၀)ကျော်ခန့်ရှိသည်။




ဆွမ်းလောင်းလှူပွဲ နှင့် ၀ါဆိုသင်္ကန်းကပ်ပွဲသို့ တာချီလိတ်မြို့ သာသနာရေး ဦးစီးအရာရှိ မှလည်း လာရောက်၍ လှူဒါန်းမှုများကို ပြုလုပ်ခဲ့သည်။။ ထို့အပြင် ထိုင်းနိုင်ငံ အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်မှာ ထိုင်းအရာရှိတစ်ချို့လည်း လာရောက်၍ လှူဒါန်းသည်ကိုလည်း တွေ့ရသည်။


ယခု ပြုလုပ်သော အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပသော စုပေါင်းဘုံဆွမ်းပွဲမှာ ( ၉ ) ကြိမ်မြောက်ဖြစ်ပါသည်။

ပုံများကို ကြည့်ရန်
အလင်းရောင်ပရဟိတအသင်း

မှတ်ချက်။ ။ ယခု သတင်းစာသားမှာ တာချီလိတ်အွန်လိုင်းစာမျက်နှာတွင် တင်ထားပြီးဖြစ်သော်လည်း အချက်အလက်များ ထပ်မံဖြည့်စွက်ရန်မလိုတော့သည်ဖြစ်တာကြောင့် မူရင်းအတိုင်း ကူးယူဖော်ပြထားပါသည်။
Read More ...