Latest Stories




11.10.2012နေ့တွင် အလင်းရောင်ပရဟိတအသင်းမှ နာယက ဦးတင့်ဆွေမှ ကမကထပြုလုပ်ကာ ဥက္ကဌ ဦးမြင့်ဦး နှင့်အသင်းသူအသင်းသားများမှ ဗိုလ်ချူပ်လမ်းပေါ်တွင် အမှတ်()ချစ်ကြည်ရေး တံတားထိပ် မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချူပ်လမ်း နှင့် ပုံလို့လမ်း ဆန်ဆိုင်း(က)ရပ်ကွက်၊လားရှိုး ထမင်းဆိုင်ရှေ့ ဗိုလ်ချူပ်လမ်းပေါ် ()နေရာတွင် ငွေတောင်ဦးကျောင်းမှ သံဃာတော်များကို ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒန်းကာ အန္တရာယ်ကင်းပရိတ်တရားနာကြားခဲ့ပါသည်။

အလင်းရောင်ပရဟိတအသင်းမှအသင်းသူအသင်းများနှင့်တာချီလိတ်မြို့သူမြို့သားတို့အတူ ပရိတ်တရားတော်နာကြားနိုင်ရန်အတွက် တာချီလိတ်မြို့ ယဉ်စည်းကမ်းထိန်းသိမ်းရေး(ယဉ်ထိန်း) တပ်ဖွဲ့မှ အရာရှိ အရာခံများ တပ်ဖွဲ့ဝင်များက ကူညီလုပ်ကိုင်ပေးခဲ့ပါသည်။

ညနေ(၁၅း၀၀)အချိန်တွင် စတင်၍ အမှတ်()ချစ်ကြည်ရေးတံတားထိပ်ရှိမဏ္ဏပ် တွင် စတင်၍ ပရိတ်တရားတော်များကို နာကြားကာ  ပုံလို့လမ်းနှင့် ဗိုလ်ချူပ်လမ်းဆုံ မဏ္ဏပ်
တွင် ဒုတိယ၊လားရှိုး ထမင်းဆိုင်ရှေ့ ဗိုလ်ချူပ်လမ်း မဏ္ဏပ်တွင် အလင်းရောင် ပရဟိတအသင်းမိသားစုနှင့် တာချီလိတ်မြို့သူမြို့သားတို့က ပရိတ်တရားများကိုနာကြားခဲ့ပါသည်။

မဏ္ဏပ်များတွင် တရားနာအပြီးတွင် တာချီလိတ်မြို့ ဗိုလ်ချူပ်လမ်းပေါ်တွင်အလင်းရောင် ပရဟိတ အသင်းသားများက  အန္တရာယ်ကင်းစေရန် ပရိတ်သဲများကို ပက်ဖြန်းကာ (၂၁း၀၀)အချိန်ခန့်တွင် အောင်မြင်စွာပြီးဆုံးသွားခဲ့ပါသည်။



မှတ်တမ်းဓါတ်ပုံများ
























































































Leave a Reply