ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ဘာသာရေး၊ သာသနာရေး၊ နာရေး စသည့် လူမှုရေးလုပ်ငန်းများကို စေတနာဖြင့် အခမဲ့ ကူညီဆောင်ရွက်ပေးနေသော လူမှုရေးအသင်းအဖွဲ့များစွာရှိသည့်အနက် လပြည့်၊ လကွယ်နေ့တိုင်း စုပေါင်းဆွမ်းလောင်းလှူလေ့ရှိသည့် အလင်းရောင်ပရဟိတအသင်းသည် ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့ဖြစ်သည့် ၀ါဆိုလပြည့် ဓမ္မစကြာနေ့ နံနက်(၆း၃၀)နာရီအချိန်တွင် တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ အလင်းရောင်ပရဟိတအသင်း၏ ဆွမ်းလောင်းမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။





အဆိုပါ လှူဒါန်းပွဲတွင် တာချီလိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ( ၅၀ )ကျောင်းမှ ဆရာတော်၊ သံဃာတော်၊ ကိုရင် စုစုပေါင်း ( ၇၃၀)ပါးနှင့် သီလရှင်ဆရာကြီး၊ဆရာလေး စုစုပေါင်း ( ၅၆ )ပါးတို့မှ ကြွရောက်၍ အလှူခံတော်မူသည်။





 တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲတွင် စုပေါင်းပါဝင်လှူဒါန်းထားသည့် သင်္ကန်းများမှာ (၁၀၆၀)စုံ ရှိပြီး အဆိုပါ လှူဒါန်းပွဲတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အလင်းရောင်ပရဟိတအသင်း ဥက္ကဌ ဦးမြင့်ဦးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ၊ အသင်းသားများအပြင် မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များမှ စုပေါင်း ဆွမ်းလောင်းလှူကြပြီးနောက် ၀ါဆိုသင်္ကန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။





ဆက်လက်၍ လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြပြီးနောက် အလင်းရောင်ပရဟိတအသင်း၏ ဥက္ကဌ ဦးမြင့်ဦးမှ ယခုကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲအတွက် ပါဝင်၍ မတည်လှူဒါန်းကြသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Read More ...

တာချီလိတ်မြို့၌  လူမှုကူညီရေးအသင်းအဖွဲ့ (၁၀)ဖွဲ့မနည်း ရှိသည်များအနက် ဘာသာရေး၊ သာရေး/နာရေး နှင့် လူမှုကူညီရေးများကို အခမဲ့ ကူညီဆောင်ရွက်ပေးနေသော အလင်းရောင်ပရဟိတအသင်း၏ ရုံးခန်းအား ယနေ့ ဒီဇင်ဘာလ (၂၁)ရက် နံနက် (၉)နာရီအချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ တည်နေရာတွင် အောင်မြင်စွာ လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။









အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် အလင်းရောင်ပရဟိတအသင်း နာယက တစ်ဦးဖြစ်သည့် ဦးစိုင်းဝဏ္ဏထွန်း (၀ဏ္ဏသိန်းသန်း သတ္တုတူးဖော်ရေးကုမ္ပဏီ)တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား လက်ဖက်ရည်နှင့် မုန့်တည်ခင်းဧည့်ခံခဲ့ကြပြီး ဧည့်သည်တော်များအား အသင်း၏ အမှတ်တရ လက်ဆောင်အဖြစ် သော့ချိတ်များကိုလည်း ပေးခဲ့ကြသည်။

အလင်းရောင်ပရဟိတအသင်းအား ဥက္ကဌဖြစ်သူ ဦးမြင့်ဦး မှ ဦးစီးဦးဆောင်၍ အသင်းသား၊ အသင်းသူ (၂၅၀)ကျော်တို့ဖြင့် တာချီလိတ်မြို့တွင်း၌ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် လပြည့်၊ လကွယ် စုပေါင်းဘုံဆွမ်းလောင်းခြင်းနှင့် တရားပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိပြီး အဆိုပါ အသင်းအား ၁.၁.၂၀၁၂ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ထားတာဖြစ်ကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်
36 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ Tachileik Online News မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။ ~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

အလင်းရောင်ပရဟိတအသင်း

Read More ...

အလင်းရောင်ပရဟိတအသင်း၏ လစဉ် လပြည့် လကွယ်နေ့တိုင်းတွင် တာချီလိတ်မြို့ရှိ စေတနာရှင်အလှူရှင်များနှင့် ပူးပေါင်း၍  စုပေါင်းဘုံဆွမ်းလောင်းလေ့ရှိရာ ၂၀၁၃ ခုနှစ် ဇူလှိုင်လ ၂၂ ရက်နေ့ ၀ါဆိုလပြည့် နံနက်(၆) နာရီ မှ (၈) နာရီထိ အလင်းရောင်ပရဟိတအသင်း၏ ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် ၃၃ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲတွင် သံဃာတော် အပါး(၈၀၀) ကျော် နှင့် သီလရှင် အပါး(၅၀) ကျော် တို့အား ၀ါဆိုသင်္ကန်းကပ်လှူ ပြီး စည်ကားသိုက်မြိုက်စွာ ဆွမ်းလောင်းလှူခဲ့ကြပါသည်။
ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် (၃၃) ကြိမ်မြောက် ဆွမ်းလောင်းပွဲတွင် အောင်မင်္ဂလာ လူငယ်တေးဂီတ ဆိုင်းဝိုင်းမှလည်း သီဆိုတီးမှုတ် တင်ဆက်ခဲ့ပါသည်။
ထိုသို့ ဆွမ်းလောင်းလှူရာတွင် သံဃာတော် (၈၂၀)ပါး နှင့် သီလရှင် (၅၀)ပါး စုစုပေါင်း (၈၇၀)ပါးတို့မှ ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ပါသည်။























အလင်းရောင်ပရဟိတအသင်း၏ လစဉ် လပြည့် လကွယ်နေ့တိုင်းတွင် တာချီလိတ်မြို့ရှိ စေတနာရှင်အလှူရှင်များနှင့် ပူးပေါင်း၍  စုပေါင်းဘုံဆွမ်းလောင်းလေ့ရှိရာ ၂၀၁၃ ခုနှစ် ဇူလှိုင်လ ၂၂ ရက်နေ့ ၀ါဆိုလပြည့် နံနက်(၆) နာရီ မှ (၈) နာရီထိ အလင်းရောင်ပရဟိတအသင်း၏ ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် ၃၃ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲတွင် သံဃာတော် အပါး(၈၀၀) ကျော် နှင့် သီလရှင် အပါး(၅၀) ကျော် တို့အား ၀ါဆိုသင်္ကန်းကပ်လှူ ပြီး စည်ကားသိုက်မြိုက်စွာ ဆွမ်းလောင်းလှူခဲ့ကြပါသည်။
ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် (၃၃) ကြိမ်မြောက် ဆွမ်းလောင်းပွဲတွင် အောင်မင်္ဂလာ လူငယ်တေးဂီတ ဆိုင်းဝိုင်းမှလည်း သီဆိုတီးမှုတ် တင်ဆက်ခဲ့ပါသည်။
ထိုသို့ ဆွမ်းလောင်းလှူရာတွင် သံဃာတော် (၈၂၀)ပါး နှင့် သီလရှင် (၅၀)ပါး စုစုပေါင်း (၈၇၀)ပါးတို့မှ ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ပါသည်။
Read More ...

အလင်းရောင်ပရဟိတအသင်း၏ လစဉ် လပြည့် လကွယ်နေ့တိုင်းတွင် တာချီလိတ်မြို့ရှိ စေတနာရှင်အလှူရှင်များနှင့် ပူးပေါင်း၍  စုပေါင်းဘုံဆွမ်းလောင်းလေ့ရှိရာ ၂၀၁၃ ခုနှစ် ဇူလှိုင်လ ၇ ရက်နေ့ နယုန်လကွယ် နံနက်(၆) နာရီ မှ (၈) နာရီထိ အလင်းရောင်ပရဟိတအသင်း၏ (၃၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲအဖြစ် လောင်းလှူခဲ့ကြပါသည်။

ထိုသို့ ဆွမ်းလောင်းလှူရာတွင် သံဃာတော် (၅၈၂)ပါး နှင့် သီလရှင် (၄၅)ပါး စုစုပေါင်း (၆၂၇)ပါးတို့မှ ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ပါသည်။









Read More ...

အလင်းရောင်ပရဟိတအသင်းသည် သီရိဟံသာဘုန်းတော်ကြီးကျောင်း(တာချီလိတ်)သို့ သံဃာတော်များ လွယ်ကူချောမွေ့စွာသွားလာလွယ်ကူရန်အတွက် တံတားတစ်ခု ဆောက်လုပ်လှူဒါန်းထားပါသည်။
တံတားတစ်ခုအတွက် တန်ဘိုးမှာ (၁၈၀၀၀)ဘတ်ဖြစ်ပါသည်။






Read More ...