Latest Stories

အလင်းရောင်ပရဟိတအသင်းအနေဖြင့် သာရေး နာရေး ဘာသာရေး လူမှုရေးများကို အခြေခံ၍ ပြုလုပ်နေလျှက်ရှိရာ (၈)ကြိမ်မြောက်ဆွမ်းလောင်းပွဲမှစတင်၍ ဇီဝိတဒါန ဆေးကုခန်းကို ဆွမ်းလောင်းမဏ္ဍပ်တွင် ဆွမ်းလောင်းပွဲမတိုင်မီ (၂)ရက်၌ ဒေါက်တာ ၀င်းဇော်(M.B.B.S.Mgy )မှ အခမဲ့ ကုသပေးလျက်ရှိပါသည်။ ဆေးကုသချိန်မှာ နေ့လည် (၁)နာရီမှ ညနေ(၄)နာရီထိဖြစ်ပါသည်။

၂.၈.၂၀၁၂ခုနှစ်တွင် ( ၉)ကြိမ်မြောက် ဆွမ်းလောင်းပွဲ ကျင်းပမည်ဖြစ်ရာ ဆွမ်းလောင်းပွဲ မကျင်းပမီတွင် ရှမ်းရိုးမကွင်းရှိ ဆွမ်းလောင်းမဏ္ဍပ်၌ အလင်းရောင်ပရဟိတအသင်း၏ ဇီဝိတဒါန ဆေးကုခန်းကို ၃၁.၇.၂၀၁၂ မှ ၁.၈.၂၀၁၂ထိ နေ့လည်(၁)နာရီမှ ညနေ(၄)နာရီထိ ( ၂ )ရက်တိတိ ဖွင့်လှစ်ထားမည်ဖြစ်ပါသည်။



အခမဲ့ ဆေးကုခန်းဖွင့်လှစ်မည့်နေ့ရက်ကို ယခုလို ဆွမ်းလောင်းပွဲပြီးချိန်တိုင်း ကြိုတင်အသိပေးပါမည်။

ပုံများကိုကြည့်ရန်


အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net

Leave a Reply