Latest Stories

အလင်းရောင်ပရဟိတအသင်းအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် လပတ်တွေ့ဆုံဆွေးနွေးပွဲကို
၁.၇.၂၀၁၂ ညနေ( ၆ )နာရီမှစပြီး JA (၁) စားသောက်ဆိုင်ရဲ့ အပေါ်ထပ်မှာ တွေ့ဆုံပွဲကို အခမ်းအနားအနေနဲ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အသင်း၏ ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ငွေစာရင်းရှင်းတမ်းနှင့် အသင်း၏ လုပ်ဆောင်ချက်များကို ဖတ်ကြားသွားပါသည်။


အသင်းရဲ့ နာယက(၄)ဦး ဖြစ်သူ ရဲမှူး(ငြိမ်း)ဦးမြင့်သိန်း၊ ဦးတင့်ဆွေ(မဇ္ဈီမဟိုတယ်)၊ ဦးစိုင်းဝဏ္ဏထွန်း
(၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး) နှင့် ဒေါ်အေးသင်း တို့ကို အသင်းသားများနှင့် မိတ်ဆက်ပေးကြပြီး အသင်းအား ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် အပြန်အလှန်ဆွေးနွေးမှုများကို ပြုလုပ်ကြပါတယ်။

အသင်းအနေဖြင့် လုပ်ငန်းသုံးယာဉ်တစ်စီးဝယ်ဖို့အတွက် အသင်း၏နာယကဖြစ်သူ ဦးတင့်ဆွေ (မဇ္ဈီမဟိုတယ်)က မတည်ငွေအဖြစ် ဘတ်ငွေ( ၂၀၀၀၀ )ဘတ်ကို မတည်လှူဒါန်းပြီး ဦးစိုင်းဝဏ္ဏထွန်း (၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး) မှ အလင်းရောင်ပရဟိတအသင်း၏ ရုံးခန်းအတွက် ကူညီပေးမှာဖြစ်ပြီး၊ ရဲမှူး(ငြိမ်း)ဦးမြင့်သိန်းအနေဖြင့် လုပ်ငန်းသုံးယာဉ်မ၀ယ်နိုင်သေးခင် ၎င်း၏ကားကိုယူသုံးနိုင်ကြောင်းနှင့် အသင်းအနေဖြင့် ရေရှည်တည်တံ့ခိုင်းမြဲရေးကို အကြုံပြုဆွေးနေကြပါတယ်။

အခမ်းအနားကို တက်ရောက်လာသော နောက်ထပ်အလှူများအနေဖြင့် ဦးမောင်လှ (ဆင်ဖြူတော်ကဖေး)မှ အလှူငွေကျပ်(၃)သိန်း၊ ဦးစံရွှေမြင့်(သစ္စာကဖေး)မှ (၃၀၀၀)ဘတ်တို့ကိုလှူဒါန်းသွားပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အထဲမှ ဧည့်သည်တော် ဒေါက်တာ(ဦး)၀င်းဇော် ကနေပြီး အလင်းရောင်ပရဟိတအသင်း၏ ရုံခန်းတွင် အချိန်ပိုင်းအဖြစ် ဆေးခန်း ၀င်ရောက်ပေးမှာဖြစ်ကြောင်း ပြောကြားလာတဲ့အတွက် အလင်းရောင်ပရဟိတအသင်းအနေဖြင့် ၀မ်းမြောက်ပီတီဖြစ်ရပါတယ်။

အလင်းရောင်ပရဟိတအသင်းအနေဖြင့် ရှေ့ဆက်ပြီး အခုလို အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်သွားမှာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင် ကြိုးစားသွားပါမည်။

တွေ့ဆုံပွဲ မှတ်တမ်းပုံများကို အောက်တွင် နိပ်၍ကြည့်ပါ


အလင်းရောင်ပရဟိအသင်း
www.tachileik.net

Leave a Reply