Latest Stories

ဆွမ်းလောင်းပွဲ မကျင်းပမီတစ်ရက်အလိုရဲ့ ညမှာ မိုးများတဖွဲဖွဲရွာနေတာကြောင့် ဆွမ်းလောင်းမဏ္ဍပ် တည်ဆောက်ထားရာ ရှမ်းရိုးမကွင်းကြီးတစ်ခုလုံး ရေအိုင်များ ဗွတ်များနဲ့ ပြည့်နှက်နေခဲ့ပါသည်။


မနက်ရောက်လို့ (၆)နာရီဝန်းကျင်မှာ မိုးတဖွဲဖွဲ့ကျနေသော်လည်း ဆွမ်းလောင်းလှူပွဲကို စတင်ပြုလုပ်ခဲ့ကြပါသည်။ မိုးစက်များ ဗွတ်များ ထနေပေမဲ့လည်း သဒ္ဒါကြည်ဖြူ ကုသိုလ်ရှင်များအနေဖြင့် လာရောက်စုပေါင်း လောင်းလှူကြပါသည်။


ယခုပြုလုပ်သော (၈)ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲတွင် သံဃာတော်( ၅၇၃ )ပါး နှင့် သီလရှင်( ၃၅ )ပါး စုစုပေါင်း (၆၀၈)ပါး ကြွရောက် ဆွမ်းခံတော်မှုကြသည်။

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း
၂.၈.၂၀၁၂ တွင် (၉)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲပြုရာတွင် ဆွမ်းလောင်းလှူအပြီး၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမှာဖြစ်ပြီး ထို စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် မည်သူမဆို လာရောက်၍ သင်္ကန်းများကို ဆက်ကပ်လှုဒါန်းနိုင်ကြပါသည်။
သို့ပါ၍ ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းမှ ကြိုတင်၍ အသိပေး နှိုးဆော်လိုက်ပါသည်။



ပုံများကို ကြည့်ရန်

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net

Leave a Reply