Latest Stories

ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းအနေဖြင့် သာရေး နာရေး ဘာသာရေး များကို ၀ိုင်းဝန်းကူညီပေးဆောင်ခြင်းပြုလုပ်နေကြသည်ဖြစ်ရာ ယခုအခါ တွင် အလင်းရောင်ပရဟိတအဖွဲ့အနေဖြင့် နာရေးကူညီမှုအဖြစ် လိုက်လံပို့ဆောင် ကူညီမှုပေးခဲ့သည်မှာ ( ၆ )ကြိမ်မြောက်ဖြစ်ခဲ့ပါပြီ။

ယခု(၆)ကြိမ်မြောက်တွင် အလင်းရောင်ပရဟိတအသင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုစိုးမင်း၏ ဇနီး မစန္ဒာဝင်း(ခ)မီသဲမ အသက်(၃၃)နှစ်အား နေ့လည်(၁)နာရီတွင် အဖွဲ့သားတစ်ချို့မှ သုဿန်သို့လိုက်လံကူညီပို့ဆောင်ကြသည်။

အသင်းသားတစ်ဦး၏ ဇနီးသေဆုံးသွားသည့်အတွက် အသင်းအနေဖြင့် ကိုစိုးမင်းနှင့် ထပ်တူထပ်မျှ ၀မ်းနည်းနှမျှောမိပါသည်။

ထို့နောက်မှာတော့ နေ့လည်( ၁)နာရီခွဲခန့်တွင် အလင်းရောင်အဖွဲ့မှ အဖွဲ့ဝင် အသက်(၄၈)နှစ်ရှိသော ဦးဆန်းလင်း၏ ရုပ်လောင်းအား သုဿန်သို့ပို့ဆောင်ခဲ့ကြသည်။


အသင်းဝင်တစ်ဦးဖြစ်သူ ဦးစံဝင်းအား မီးသင်္ဂြိုလ်ခြင်းမပြုမီတွင် အသင်းအနေဖြင့် ၎င်းအားအသင်းနှင့်မသက်ဆိုင်တော့ကြောင်း အမိန့်ပြန်တမ်းကို ဖတ်ကြားတဲ့အခါမှာ အသင်းများအားလုံး ၀မ်းနည်းရပါသည်။

အသင်းသားတစ်ဦးဆုံးရှုံးလိုက်ရသည့်အတွက် အသင်းအနေဖြင့် ကျန်ရစ်သူ မိသားစုဝင်နှင့်အတူ ၀မ်းနည်းနှမျှောမိပါသည်။


ပုံများကို ကြည့်ရန်




ကောင်းရာသုဂတိလားပါစေ
အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net

Leave a Reply