လစဉ် လပြည့်/လကွယ်နေ့တိုင်း အလင်းရောင်ပရဟိတအသင်းမှ တာချီလိတ်မြို့ရှိ အလှူရှင်များနှင့် စုပေါင်း၍ ဆွမ်းလောင်းလှူခဲ့သည်ဖြစ်ရာ ယခု ပြုလုပ်သော ( ၆ )ကြိမ်မြောက်ဆွမ်းလောင်းပွဲကြီးတွင်
သံဃာတော် ( ၅၅၈ )ပါးနှင့် သီလရှင် ( ၄၄ )ပါးတို့အား ဆွမ်းလောင်းလှူခဲ့ကြပါသည်။





အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

ဒီနေ့ ( ၁၁.၆.၂၀၁၂)ညနေပိုင်းမှာ လမ်းလျှောက်လာသူ အသက်(၂၆)နှစ်အရွယ်မိန်းကလေးတစ်ဦးနဲ့ ဆိုင်ကယ်တစ်စီးတိုက်မှုဖြစ်သွားခဲ့ရာ အလင်းရောင်ပရဟိတအဖွဲ့ဝင် ကိုနိုင်ထွန်း၊ ကိုဇော်ဝမ်း ၊ ကိုသီဟ နဲ့ ကိုလှမိုး တို့အဖွဲ့မှ မြင်တွေ့ခဲ့ရာ သွားရောက်ကူညီပြီး ဆေးရုံသို့ပို့ပေးခဲ့ကြသည့်အပြင် ၎င်း၏ ဆွေးမျိုးများရှိရာ ပါလျှံရပ်ကွက်သို့သွားရောက် ရှာဖွေဆက်သွယ်ပေးခဲ့သည့် ကူညီမှုမျိုးကို လုပ်ဆောင်ခဲ့ကြသည်။

ကိုလှမိုး နှင့် ယာဉ်တိုက်ခံရသူ

စွန့်ပစ်ခံကလေးငယ်

ထို့အပြင် ညနေ (၆)နာရီခန့်တွင် တာချီလိတ် သင်္ချိုင်းအနီး အမှိုက်ပုံတွင် စွန့်ပစ်ခံ ကလေးငယ်တစ်ဦးအားတွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားပေးခဲ့သည်။ ကလေးနဲ့ ပတ်သက်သော အကြောင်းကို ဒီမှာ( http://www.tachileik.net/2012/06/dt-leave-your-baby.html ) ဖတ်နိုင်ပါသည်။

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

ကျွန်တော်တို့ အလင်းရောင်ပရဟိတအဖွဲ့သားများမှ ( ၅)ကြိမ်မြောက်ဆွမ်းလောင်းပွဲ၌ မရှိနွမ်းပါး ကျောင်းနေရွယ် ကလေးများကို ကျောင်းဝတ်စုံနှင့် စာရေးကရိယာပစ္စည်းများကို တစ်ဦးချင်းစီအလိုက် ပေးအပ်လှူဒါန်းဖို့ရာအတွက် နီးစပ်ရာရပ်ကွက်များ သွားရောက်ခဲ့ပြီး ကွင်းဆင်းလေ့လာကြည့်တဲ့အခါ စုစုပေါင်း ကျောင်းနေရွယ်ကလေး (၃၂)ဦးကို တွေ့ရှိရပါတယ်။ ကျောင်းနေရွယ် ကျောင်းသူကျောင်းသား ( ၃၂ ) ဦးကို ဆွမ်းလောင်းမဏ္ဍပ်မှာ ခေါ်ယူပြီး ကျောင်းဝတ်စုံ(၁)စုံစီနဲ့ စာရေးကရိယာများကို ပေးအပ်လှုဒါန်းခဲ့ပါသည်။









ကျောင်းသားကျောင်းသူများရဲ့ ( ၃၂ )ဦး အမည်စာရင်း

သူငယ်တန်း ( ၉ ) ဦး
  1. မောင်ရှိင်းထက်ဟိန်း
  2. မောင် ခန့်မင်းပိုင်
  3. မောင်အောင်ကြီး
  4. မောင်အောင်ကျောင်ဦး
  5. မောင်သီဟကျော်
  6. မောင်ဒွေးကိုကို
  7. မောင်ဒွေးညီညီ
  8. မောင်ပြည့်ဖြိုးအောင်
  9. မယဉ်ယဉ်နု
ပထမတန်း ( ၈ ) ဦး
  1. မောင်လွင်အောင်မိုး
  2. မောင်ဇင်ကိုကိုအောင်
  3. မောင်ကောင်းနွေဟိန်း
  4. မောင်ရဲထက်အောင်
  5. မောင်ထက်နိုင်လင်း
  6. မောင်ဥာဏ်လင်းသန်း
  7. မအင်းကြင်းဖြူ
  8. မဝေလွင်ဦး
ဒုတိယတန်း ( ၃ )ဦး
  1. မောင်ရဲမာန်အောင်
  2. မောင်သက်နိုင်ဝင်း
  3. မအေးချမ်းပြည့်
တတိယတန်း ( ၇ ) ဦး
  1. မောင်ဖြိုးမင်းအောင်
  2. မောင်မျိုးမြတ်
  3. မောင်ဖိုးအောင်
  4. မောင်မျိုးသက်ကျော်
  5. မောင်ဝင်းမြတ်ထွန်း
  6. မောင်ထွန်းထွန်း
  7. မစုထက်ဖြိုး
စတုတ္ထတန်း ( ၅ ) ဦး
  1. မောင်ဝင်းရန်ခ
  2. မောင်ထွန်းထွန်းဝင်း
  3. မမေမြတ်နိုး
  4. မမေသဇင်
  5. မချောရီမွန်

ရှေ့ဆက်ပြီး အခုလို လှူဒါန်းမှုမျိုးများစွာ ပြုလုပ်နိုင်ရန်အတွက် အလင်းရောင်ပရဟိတအသင်းမှ ကြိုးစားလုပ်ဆောင်နေလျှက်ရှိပါသည်။

ပုံများကို ကြည့်ရန်
Read More ...



အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပလျှက်ရှိသော လပြည့်လကွယ်နေ့တိုင်း ဆွမ်းလောင်းပွဲ၏ ယခုအကြိမ်သည် ( ၅ ) ကြိမ်မြောက် ဆွမ်းလောင်းပွဲဖြစ်ပါသည်။
( ၅ )ကြိမ်မြောက်ဆွမ်းလောင်းပွဲတွင် -
  • သံဃာတော် = ( ၅၁၄ )ပါး
  • သီလရှင် = ( ၄၅ )ပါး
စသည်ဖြစ် စုစုပေါင်း( ၅၃၉ )ပါးကို တာချီလိတ်မြို့ရှိ အလှူရှင်များနှင့် စုပေါင်း၍ လောင်းလှူခဲ့ကြသည်။










ဆွမ်းလောင်းပွဲအပြီးတွင် ဆွမ်းလာလောင်းလှူသော ကုသိုလ်ရှင်များနှင့် အလင်းရောင်ပရဟိတ အဖွဲ့သားတို့သည် ရေစက်ချ သာဓုခေါ်ဆိုရန်အတွက် သံဃာတော် ( ၃ )ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူပြီး ရေစက်ချတရားနာ၍ သာဓုခေါ်ဆိုခဲ့ကြပါသည်။

ပုံများကို ကြည့်ရန်

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

အလင်းရောင်ပရဟိတအသင်းကို ဂုဏ်ပြုသောအားဖြစ် သူငယ်ချင်းကိုနေ၀န်းက Facebook မှာ ကဗျာတစ်ပုဒ်ရေးပေးထားတာလေးကို ဒီမှာ ပြန်လည်ဖော်ပြလိုက်ပါသည်။ ကျေးဇူးပါ။


တာ ၀န် ကိုယ်စီနဲ့
ချီ တက်နေလိုက်ကြတာ
လိတ် လိတ်နဲ့ တိမ်တိုက်တွေလို.......
သွေးအရောင်တွေကလဲ
လင်း လဲ့ဖြာလို့
ရောင် နီမိုးသောက်အောက်မှာ....
သပူဇော် ဆွမ်းလောင်းလှူသည့်
သ ဝေဖြာသည်မြင်ကွင်းက
ဟိ ဟိ ပီတိဖြစ်လိုက်တာဗျာ
ကယ် ရင်ထဲ
လင်း တစ်ခု
သင်း မြချိုမွှေး လင်းလက်အေးသည်... သာဓု...သာဓု...သာဓု
~~နေ၀န်း(Nay Wynn
)~~


Read More ...

အလင်းရောင်ပရဟိတအသင်းမှ သာရေး၊ နာရေး၊ ဘာသာရေးများကို လုပ်ဆောင်နေလျက်ရှိရာ ၂.၆.၂၀၁၂တွင် သေဆုံးသူ မငုဝါဆွေ(၂၉နှစ်)၏ နာရေးတွင် နာရေးကူညီမှုလိုအပ်နေသည့်အတွက် ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းမှ နာရေးကူညီမှုအဖြစ် ကူညီပေးခဲ့ကြပါသည်။

ယခု နာရေးကူညီမှုသည် အလင်းရောင်ပရဟိတအသင်းမှ ကူညီသောအကြိမ်အရေအတွက်မှာ တတိယအကြိမ်ဖြစ်ပါသည်။





❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


မငုဝါဆွေ ကောင်းရာသုဂတိလားပါစေ

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

၎.၆.၂၀၁၂(တနလာင်္နေ့)တွင် ကျောင်းဆောင်သစ်ရေစက်ချမင်္ဂလာကို တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်၊ ၀မ်ကောင်းမြို့ပတ်လမ်းရှိ သီရိဟံသာ ကျောင်းတိုက်အတွင်း ဆောက်လုပ်ပြီးသော ပုဗ္ဗ၀ိဒေဟ၊ နှစ်ထပ်ကျောင်းဆောင်သစ်၊ ဥပကုက္ခေပ-ရေသိမ်တော်၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်(၃)ဆူ၊ ရွှေတိဂုံ ပုံစံတူ စေတီငယ်နှစ်ဆူ၊ ကျောင်းအ၀င်မုခ်ဦး၊ မဟာရံအုတ်တံတိုင်း၊ တံတားနှင့် ရေစင်တို့ကို စုပေါင်းရေစက်သွန်းချအခမ်းအနားကျင်းပမည်ဖြစ်ရာ ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းမှ ဝေယျာဝစ္စအဖြစ်လုပ်ဆောင်ကာ ရေစက်ချအခမ်းအနားသို့ ကြွရောက် ချီးမြှင်မည်ဖြစ်သော နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော်ကြီး (၄)ပါးအား လေဆိပ်သို့ ၃၀.၅.၂၀၁၂ တွင် သွားရောက်ကြိုဆို ပင့်ဆောင်လာခဲ့ကြပါသည်။



ပုံများကို ကြည့်ရန် နိပ်ပါ

အလင်းရောင် ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပပြီး ၆.၄.၂၀၁၂ မှစ၍ စုပေါင်းဆွမ်းလောင်းလှူခဲ့ရာ ယနေ့ ၂၀.၅.၂၀၁၂ တွင် ( ၄ )ကြိမ်မြောက်ဖြစ်သော ဆွမ်းလောင်းပွဲကြီး ဖြစ်ပါသည်။


{ရုပ်သံ}

ထိုဆွမ်းလောင်းပွဲတွင် တာချီလိတ်မြို့အနီးရှိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ၊ တောရဘုန်ကြီးကျောင်းများမှ သံဃာတော်များ သီလရှင်များအား ပင့်ဖိတ်ကာ တာချီလိတ်မြို့ရှိ ကုသိုလ်ရှင်များနှင့် အလင်းရောင်ပရဟိတအဖွဲ့သားများမှ စုပေါင်းကာ လောင်းလှူကြသော ဆွမ်းလောင်းပွဲဖြစ်ပြီးသည်။ ရပ်နီးရပ်ဝေးမှ သံဃာတော်များ သီလရှင်များအနေဖြင့် ဆွမ်းလောင်းပွဲသို့ ကြွရောက်အလှူခံချိန်တွင် အလင်းရောင်ပရဟိတအဖွဲ့သားများမှ အဆင်ပြေစေရန်အတွက် ကားကြိုပို့ဖြစ် ဒါနပြုကြပါသည်။








ယခု ( ၄ )ကြိမ်မြောက်ဆွမ်းလောင်းပွဲတွင် တာချီလိတ်မြို့ရှိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ၊ တောရဘုန်ကြီးကျောင်းများစုစုပေါင်း ( ၄၉ )ကျောင်းမှ သံဃာတော်များ

သီလရှင်များ ကြွရောက်အလှူခံခဲ့ရာ
သံဃာတော် ( ၆၄၇ )ပါး
သီလရှင် ( ၅၀ )ပါး
စုစုပေါင်း ( ၆၉၇ )ပါး ကြွရောက်ခဲ့ကြပါသည်။


အလင်းရောင်ပရဟိတအသင်းမှ စုပေါင်း၍ လပြည့်/လကွယ်နေ့တိုင်း တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် နံနက်(၆)နာရီမှစ၍နံနက်(၉)နာရီထိ လစဉ် (လပြည့်/လကွယ်နေ့တိုင်း )ပုံမှန် စုပေါင်းဆွမ်းလောင်းပွဲရှိပါသည်။

ပုံများကို ကြည့်ရန်


ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...

တာချီလိတ်မြို့တွင် ၁၄.၅.၂၀၁၂ မှ စ၍ ၁၆.၅.၂၀၁၂ထိ ကျင်းပခဲ့သော ဓမ္မပူဇာသဘင်အား ပရဟိတရွှေတောင်တန်းကျောင်းတိုက်မှ အေးသုခမဟာသိမ်တော်အောင်ပွဲ အထိမ်းအမှတ်အဖြစ် (၃)ညတိုင်တိုင်ကျင်းပခဲ့ရာ ကျွန်တော်တို့ အလင်းရောင်ပရဟိတအဖွဲ့မှ ရွှေတောင်တန်းဆရာတော်၏ မိန့်ကြားချက်နှင့်အညီ မြို့ခံအလှူရှင်များနှင့် ပူပေါင်း၍ ကြီးမှုးကျင်းပခဲ့သော တရားပွဲဖြစ်ပါသည်။









ထိုတရားပွဲ၏ ပထမညတွင် ဆရာတော်မှာ ဘဒ္ဒန္တနေမိန္ဒ၊ ဒုတိယညတွင် ဆရာတော် ဘဒ္ဒန္တဓမ္မာစာရနှင့် တတိယ(တရားပွဲနောက်ဆုံးည)တွင် ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏာလင်္ကာရ တို့မှ တရားတော်များကို ဟောကြားခဲ့ကြပါသည်။
နတ်လူအမျှ သာဓုခေါ်စေသောဝ်......

ပုံများကို ကြည့်ရန်



အလင်းရောင် ပရဟိတအသင်း
http://alinyaung.tachileik.net
Read More ...