Latest Stories

ဒီနေ့ ( ၁၁.၆.၂၀၁၂)ညနေပိုင်းမှာ လမ်းလျှောက်လာသူ အသက်(၂၆)နှစ်အရွယ်မိန်းကလေးတစ်ဦးနဲ့ ဆိုင်ကယ်တစ်စီးတိုက်မှုဖြစ်သွားခဲ့ရာ အလင်းရောင်ပရဟိတအဖွဲ့ဝင် ကိုနိုင်ထွန်း၊ ကိုဇော်ဝမ်း ၊ ကိုသီဟ နဲ့ ကိုလှမိုး တို့အဖွဲ့မှ မြင်တွေ့ခဲ့ရာ သွားရောက်ကူညီပြီး ဆေးရုံသို့ပို့ပေးခဲ့ကြသည့်အပြင် ၎င်း၏ ဆွေးမျိုးများရှိရာ ပါလျှံရပ်ကွက်သို့သွားရောက် ရှာဖွေဆက်သွယ်ပေးခဲ့သည့် ကူညီမှုမျိုးကို လုပ်ဆောင်ခဲ့ကြသည်။

ကိုလှမိုး နှင့် ယာဉ်တိုက်ခံရသူ

စွန့်ပစ်ခံကလေးငယ်

ထို့အပြင် ညနေ (၆)နာရီခန့်တွင် တာချီလိတ် သင်္ချိုင်းအနီး အမှိုက်ပုံတွင် စွန့်ပစ်ခံ ကလေးငယ်တစ်ဦးအားတွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားပေးခဲ့သည်။ ကလေးနဲ့ ပတ်သက်သော အကြောင်းကို ဒီမှာ( http://www.tachileik.net/2012/06/dt-leave-your-baby.html ) ဖတ်နိုင်ပါသည်။

အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net

Leave a Reply