Latest Stories

တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပပြီး ၆.၄.၂၀၁၂ မှစ၍ စုပေါင်းဆွမ်းလောင်းလှူခဲ့ရာ ယနေ့ ၂၀.၅.၂၀၁၂ တွင် ( ၄ )ကြိမ်မြောက်ဖြစ်သော ဆွမ်းလောင်းပွဲကြီး ဖြစ်ပါသည်။


{ရုပ်သံ}

ထိုဆွမ်းလောင်းပွဲတွင် တာချီလိတ်မြို့အနီးရှိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ၊ တောရဘုန်ကြီးကျောင်းများမှ သံဃာတော်များ သီလရှင်များအား ပင့်ဖိတ်ကာ တာချီလိတ်မြို့ရှိ ကုသိုလ်ရှင်များနှင့် အလင်းရောင်ပရဟိတအဖွဲ့သားများမှ စုပေါင်းကာ လောင်းလှူကြသော ဆွမ်းလောင်းပွဲဖြစ်ပြီးသည်။ ရပ်နီးရပ်ဝေးမှ သံဃာတော်များ သီလရှင်များအနေဖြင့် ဆွမ်းလောင်းပွဲသို့ ကြွရောက်အလှူခံချိန်တွင် အလင်းရောင်ပရဟိတအဖွဲ့သားများမှ အဆင်ပြေစေရန်အတွက် ကားကြိုပို့ဖြစ် ဒါနပြုကြပါသည်။








ယခု ( ၄ )ကြိမ်မြောက်ဆွမ်းလောင်းပွဲတွင် တာချီလိတ်မြို့ရှိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများ၊ တောရဘုန်ကြီးကျောင်းများစုစုပေါင်း ( ၄၉ )ကျောင်းမှ သံဃာတော်များ

သီလရှင်များ ကြွရောက်အလှူခံခဲ့ရာ
သံဃာတော် ( ၆၄၇ )ပါး
သီလရှင် ( ၅၀ )ပါး
စုစုပေါင်း ( ၆၉၇ )ပါး ကြွရောက်ခဲ့ကြပါသည်။


အလင်းရောင်ပရဟိတအသင်းမှ စုပေါင်း၍ လပြည့်/လကွယ်နေ့တိုင်း တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် နံနက်(၆)နာရီမှစ၍နံနက်(၉)နာရီထိ လစဉ် (လပြည့်/လကွယ်နေ့တိုင်း )ပုံမှန် စုပေါင်းဆွမ်းလောင်းပွဲရှိပါသည်။

ပုံများကို ကြည့်ရန်


ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိတအသင်း
http://alinyaung.tachileik.net

Leave a Reply