အလင်းရောင်ပရဟိတအသင်းမှ ကြီးမှုးကျင်းပသည့် စုပေါင်းဘုံဆွမ်းလောင်းပွဲအား လပြည့်/လကွယ်နေ့တိုင်း ပြုလုပ်လောင်းလှူခဲ့ရာ ၅.၅.၂၀၁၂ ကဆုန်လပြည့်နေ့၏အကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ခဲ့ပါသည်။ ယခုဆွမ်းလောင်းပွဲတွင်-
  • သံဃာတော် = ၅၉၄ ပါး
  • သီလရှင် = ၄၁ ပါး
စုစုပေါင်း ( ၆၃၅ )ပါး ကြွရောက်အလှူခံတော်မှုခဲ့ကြပါသည်။









အလင်းရောင်ပရဟိတအသင်းမှ စုပေါင်း၍ လပြည့်/လကွယ်နေ့တိုင်း တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် နံနက်(၆)နာရီမှစ၍နံနက်(၉)နာရီထိ လစဉ် (လပြည့်/လကွယ်နေ့တိုင်း )ပုံမှန် စုပေါင်းဆွမ်းလောင်းပွဲရှိပါသည်။
ပုံများကို ပြည့်စုံစွာကြည့်လိုလျှင် -
  1. တတိယအကြိမ်မြောက်အတွက် ဆွမ်းလောင်းလှူရန် ပြင်ဆင်ချက်ပြုတ် 4.5.2012 20 photos
  2. လေပြင်းတွေတိုက်တဲ့ကြားက ဆွမ်းလောင်းလှူရန် ပြင်ဆင်ချက်ပြုတ် 4.5.2032 photos
  3. တတိယအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲ 5.5.201239 photos

အလင်းရောင်ပရဟိတ
Read More ...

၅.၅.၂၀၁၂ ကဆုန်လပြည့်နေ့ စနေ့နေ့ နံနက်(၇)နာရီမှစ၍ တတိယအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲ အခမ်းအနားတွင် ပရိတ်ရွတ်ခြင်း၊ သဲပုံစေတီအား မီးပူဇော်ခြင်း နှင့် ရွှေတိဂုံ(တာချီလိတ်)ရင်ပြင်ရှိ ရွှေညောင်ပင်ကြီးအား ညောင်ရေသွန်းလောင်းခြင်းအခမ်းအနားတွင် ကျွန်တော်တို့ အလင်ရောင်းပရဟိတ အဖွဲ့သားများမှ သွားရောက်၍ ဝေယျာဝစ္စအဖြစ် ကုသိုလ်ယူဆောင်ရွက်ခဲ့ကြပါသည်။




❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အလင်းရောင်ပရဟိတ
Read More ...

၃၀.၄.၂၀၁၂ မှ ၁.၅.၂၀၁၂ထိ ( ၂ )ညတိုင်တိုင် တရားပွဲကို သုဓမ္မမဏိဇောတဓရဘွဲ့တော်ရ ဦးမောင်လေး (အဆွေတော်)၊ ဦးတင်လှိုင် နှင့်ဇနီး ဒေါ်နန်းမိမိလေး မိသားစုမှ ပထမအကြိမ်အဖြစ် ကြီးမှူးကျင်းပပြုလုပ်သော ဓမ္မပူဇာတရားသဘင်တွင် မြန်မာနိုင်ငံ တောင်ဘက်အစွန်းဆုံး ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော်
အရှင်ကုသလဇောတိ ( သာသနာ့ဓဇဓမ္မာစရိယ) မှ ( ၂ )ည တိုင်တိုင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြား၍ တရားအလှူပေးခဲ့ပါသည်။

ထိုတရားပွဲ၌ တရားပွဲဝေယျာဝစ္စအဖြစ် အလင်းရောင်ပရဟိတအသင်းမှ ကုသိုလ်ယူ ပါဝင်ဆောင်ရွက်ကြပြီး တရားပွဲလာပရိသတ်များကိုလည်း သွားလာမှုအဆင်ပြေရန်အတွက် ကြိုပို့ယာဉ်ဖြစ် ပို့ကြိုပြုလုပ်ခဲ့ကြသည်။

ထို့နောက် အလှူငွေပေးအပ်ပွဲကိုလည်း ရေစက်မချမှီအချိန်၌ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။




တရားနာပရိသတ်များ
* * * *
ဦးအောင်ဖြိုးရှိန်မှ ဆရာတော်ကိုယ်စား
ကပ္ပိယဦးကြည်ဝင်းအား အလှူငွေပေးအပ်လှူဒါန်း
* * * * ** * * * *

ဦးတင်လှိုင်(အဆွေတော်)မှ
အလင်းရောင်ပရဟိအသင်းအား အလှူငွေပေးအပ်လှူဒါန်း
* * * * ** * * * *

ဦးတင်လှိုင်မှ မိုးကုတ်ရိပ်သာအဖွဲ့ခွဲ(၃၄၈)ဥက္ကဌအား
အလှူငွေပေးအပ်လှူဒါန်း
* * * * ** * * * *

ဦးတင်လှိုင်(အဆွေတော်)မှ ဆရာတော်ကိုယ်စား
ကပ္ပိယဦးကြည်ဝင်းအား အလှူငွေပေးအပ်လှူဒါန်း
* * * * ** * * * *
ဦးကျော်ဆွေမှ ဆရာတော်ကိုယ်စား
ကပ္ပိယဦးကြည်ဝင်းအား အလှူငွေပေးအပ်လှူဒါန်း
* * * * ** * * * *
အလင်းရောင်ပရဟိတအသင်းမှ ဆရာတော်ကိုယ်စား
ကပ္ပိယဦးကြည်ဝင်းအား အလှူငွေပေးအပ်လှူဒါန်း
* * * * ** * * * *
တရားပွဲပြီးချိန်
* * * * ** * * * *
ထိုတရားပွဲတွင် အလင်းရောင်ပရဟိတအသင်းအား ဦးတင်လှိုင်(အဆွေတော်)မှ အလှူငွေ ဘတ် တစ်သောင်း နှင့် ဦးတင့်ဆွေ(မဇ္ဈိမဟိုတယ်)မှ အလှူငွေ ဘတ် တစ်သောင်းတိတိ ပေးအပ်လှူဒါန်းပါသည်။


"တရားတစ်ပွဲ၏ တန်ဖိုးသည်"
စင်္ကြံဝဠာ တစ်ခုလုံးကို သံမံတလင်းခင်းလိုက်ပါ ဘုရားနှင့်ရဟန္တာများ အကြားမလပ်ထိုင်ခိုင်းပါ။ ပြီးလျှင် ဘ၀ဂ်အထိအမြှင့်ပြီးထပ်လိုက်ပါ။ ပြည့်သွားလျှင် ကြာသင်္ကန်းတစ်စုံစီလှူလိုက်ပါ။ အဲ့ဒီအလှူမျိုး (၂၅၆)ကြိမ်လှူမှသာ တရားတစ်ပွဲဟောပြောခြင်း ဖြစ်မြောက်ခြင်းနှင့် ညီမျှကြောင်း ဆရာတော်ကြီးများမှ ကျမ်းနှင့်အညီဟောပြောထားပါသည်။
{ပဋိစ္စသမုပ္ပါဒ်သင်တန်း အမှတ်စဉ် - ၅/၆/၇}
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ပုံများကို ပြည့်စုံစွာ ကြည့်လိုလျှင်
ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိတအသင်း

Read More ...

မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် တန်ခူးလကွယ်နေ့ ( ၂၀.၄.၂၀၁၂ ) တွင် အလင်းရောင်ပရဟိတအဖွဲ့၏ စုပေါင်းဆွမ်းလောင်းလှူပွဲကို နံနက်(၆)နာရီမှ နံနက်(၈)နာရီခွဲထိ လောင်းလှူခဲ့ကြပါသည်။

ထိုဆွမ်းလောင်းပွဲတွင်
  • သံဃာတော် ( ၇၃၁ )ပါး
  • သီလရှင် ( ၂၃ )ပါး
ကြွရောက်အလှူခံတော်မှုခဲ့ပါသည်။





* * * * ** * * * ** * * * ** * * * * * * *

တာချီလိတ်မြို့တွင် ဘုန်းကြီးကျောင်းများစွာရှိသည်ဖြစ်သော်လည်း ဝေးလွန်းသောကျောင်းများမှ ဆရာတော်များမှာ ကြွရောက်နိုင်ခြင်းမရှိပါ။ နောက်ပိုင်းတွင် ကြွရောက်အလှူခံနိုင်ရန်အတွက် အလင်းရောင်ပရဟိတအဖွဲ့မှ ကြိုးစားသွားမည်ဟုသိရပါသည်။

ပထမအကြိမ်ဆွမ်းလောင်းပွဲ
  • သံဃာတော် ( ၄၈၅ )ပါး
ဒုတိယအကြိမ်ဆွမ်းလောင်းပွဲ
  • သံဃာတော် ( ၇၃၁ )ပါး
  • သီလရှင် ( ၂၃ )ပါး
ဒုတိယအကြိမ်၌ ကြွရောက်လာသော သံဃာတော်မြတ်များနှင့် မယ်သီရှင်များမှာ စုစုပေါင်း (၇၅၄)ပါး ဖြစ်ပါသည်။

နတ်လူ အမျှ သာဓုခေါ်စေသောဝ်.....
သာဓု..... သာဓု..... သာဓု.....

ပုံများကို အပြည့်အစုံကြည့်ရန် ( နိပ်ပါ)
ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိတ
http://alinyaung.tachileik.net/
Read More ...

23.4.2012 မှ 25.4.2012 (၃)ညတိုင်တိုင် အထိ ပါလျှံဘုရားကြီးကျောင်းတွင် ဆရာတော် ရွှေဘို အရှင်သုမင်္ဂလ သည် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ​ဟောကြားရာ၌ အလင်းရောင်ပရဟိတအသင်းမှ တရားပွဲတစ်လျှောက်လုံး ဝေယျာဝစ္စအနေဖြင့် ကုသိုလ်ယူ၍ ပျော်းပျော်းပါးပါး လုပ်ဆောင်ခဲ့ကြပါသည်။








ပုံများကို အပြည့်အစုံ ကြည့်ရန်
ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိအသင်း
Read More ...

ကျွန်တော်တို့ အလင်းရောင်ပရဟိတအဖွဲ့သားတို့သည် မမျှော်လင့်ပဲ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် နာရေးကူညီမှုအနေဖြင့် သေဆုံးသူ ကိုဇော်မင်းဦး(အသက်-၄၀နှစ်)အား ကူညီပို့ဆောင်သဂြိုလ်၍ အသင်းသားများ၏ အလှူငွေများကို စုစည်းကာ သေဆုံးသူ၏ ဇနီးအား နာရေးစရိတ်အဖြစ် ပေးအပ်ခဲ့ပါသည်။


ကျွန်တော်တို့ ပရဟိတအဖွဲ့သည် ဆက်လက်၍လည်း နာရေး သာရေး ဘာသာရေး များကို လုပ်ဆောင်သွားပါမည်။

အလင်းရောင်ပရဟိတ
Read More ...

၆.၄.၂၀၁၂ ခုနှစ် မြန်မာ့သက္ကရာဇ် ၁၃၇၃ခုနှစ် တန်ခူးလပြည့် သောကြာနေ့နံနက် (၆)နာရီမှ (၈)နာရီထိ၌ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမဆုံးသော ဆွမ်းလောင်းပွဲကို ရှမ်းရိုးမကွင်းတွင် သံဃာတော်အရှင်သူမြတ်အပါး(၄၈၅)ပါးအား တာချီလိတ်မြို့ရှိ မြို့သူ မြို့ဖ စေတနာအလှူရှင်များနှင့် ပူးပေါင်း၍ အောင်မြင်စည်ကားသိုက်မြိုက်စွာ ဆွမ်းတော်လောင်းလှူခဲ့ကြပါသည်။ သံဃာတော်အပါး (၅၀၀)မှန်းထားသော်လည်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် တစ်ချို့ကျောင်းများမှာ မကြွရောက်နိုင်သောကြောင့် ပထမဆုံးဆွမ်းလောင်းပွဲတွင် သံဃာတော်အရှင်သူမြတ်အပါး(၄၈၅)ပါးသာ ကြွရောက်ဆွမ်းတော်အလှူခံတော်မှူခဲ့ကြသည်။

ဆွမ်းလောင်းပွဲ ကျင်းပရာတွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကြ လှူဒါန်းကြသော ဆွမ်းဆန်များ၊ အအေး၊ ရေဗူး၊ မာမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဝေဖာ၊ ချိုချဉ်၊ စသည့် လှူဖွယ်ပစ္စည်းများ မထင်မှတ်သည်ထက် လာရောက်လှူဒါန်းသူများ အတော်များပြားလှသည်မှာ ၀မ်းသာပီတိဖြစ်စေပါသည်။

ယခု ပထမအကြိမ်တွင် အလှူမဏ္ဍပ် ကျဉ်းသွားသည်များ နေရာ စားပွဲခုံ အဆင်မပြေမှုများရှိခဲ့သည်ကို နောက်လာမည့် အကြိမ်များတွင် အဆင်ပြေအောင် စီစဉ်ပြုလုပ်သွားမည်ဟု အလင်းရောင်ပရဟိတအဖွဲ့မှ ပြောကြားပါသည်။

အလင်းရောင်ပရဟိတအဖွဲ့
အလင်းရောင်ပရဟိတအဖွဲ့သည် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ရန် အများအကျိုးသယ်ပိုးနိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ လတ်တလော လုပ်ဆောင်ချက်များမှာ တနင်္ဂနွေနေ့နံနက်တိုင်း ရွှေတိဂုံစေတီရင်ပြင်(တာချီလိတ်)တွင် ကြမ်းတိုက် အမှိုက်လှဲ သန့်ရှင်းရေးများကို ပြုလုပ်လျက်ရှိပြီး ယခုအခါ လစဉ်လပြည့်လကွယ်တိုင်း၌ တာချီလိတ်မြို့ရှိ အလှူရှင်များနှင့်ပူးပေါင်း၍ သံဃာတော်မြတ်များအား ဆွမ်းတော်လောင်းလှူမှာဖြစ်ပါသည်။ ယခု ဆွမ်းလောင်းပွဲမှာ ပထမဆုံးအကြိမ်ဖြစ်သည်။









❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

နတ်လူ အမျှ သာဓုခေါ်စေသောဝ်.....
သာဓု..... သာဓု..... သာဓု.....

ပုံများကို အပြည့်အစုံကြည့်လိုပါက အောက်တွင် နိပ်ပါ။
ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိတ
http://alinyaung.tachileik.net/
Read More ...

တာချီလိတ်မြို့တွင် လပြည့်နေ့တိုင်းနှင့် လကွယ်နေ့တိုင်းတွင် အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူး၍ ရှမ်းရိုးမကွင်းတွင် မနက် (၆)နာရီမှ (၈)နာရီထိ ရဟန်းအပါး(၅၀၀)ကျော်အား ဆွမ်းတော်လောင်းလှူမှာဖြစ်ပါသည်။

ထိုဆွမ်းလောင်းပွဲကြီးသည် တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမဆုံးသော ဆွမ်းလောင်းပွဲဖြစ်ပြီး ထိုဆွမ်းလောင်းပွဲအား တစ်လလျှင်နှစ်ကြိမ် ( လပြည့် လကွယ်တိုင်း) ပြုလုပ်လှူဒါန်းမှာဖြစ်ပါသည်။

အလင်းရောင်ပရဟိတ၏ ပထမဆုံးအကြိမ်အဖြစ် ၆.၄.၂၀၁၂ သောကြာနေ့ နံနက် (၆)နာရီမှစ၍ (၈)နာရီထိ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ဆွမ်းတော်လောင်းလှူမှာဖြစ်သည့်အတွက် မည်သူမဆို လာရောက်၍ ရဟန်းတော်မြတ်များအား လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်လိုက်ပါသည်။

ထိုဆွမ်းလောင်းပွဲအား အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပသည်ဆိုသော်လည်း မည်သူမဆို လာရောက်လှူဒါန်းနိုင်ပါသည်။
ဆွမ်းလောင်းပွဲဖြစ်မြောက်ရန်အတွက် ချက်ပြုတ်ဝိုင်းကူနေကြသည့်ပုံများကို အပြည့်အစုံကြည့်ရန်
ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိတ
http://alinyaung.tachileik.net/
Read More ...