Latest Stories

တာချီလိတ်မြို့တွင် လပြည့်နေ့တိုင်းနှင့် လကွယ်နေ့တိုင်းတွင် အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူး၍ ရှမ်းရိုးမကွင်းတွင် မနက် (၆)နာရီမှ (၈)နာရီထိ ရဟန်းအပါး(၅၀၀)ကျော်အား ဆွမ်းတော်လောင်းလှူမှာဖြစ်ပါသည်။

ထိုဆွမ်းလောင်းပွဲကြီးသည် တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမဆုံးသော ဆွမ်းလောင်းပွဲဖြစ်ပြီး ထိုဆွမ်းလောင်းပွဲအား တစ်လလျှင်နှစ်ကြိမ် ( လပြည့် လကွယ်တိုင်း) ပြုလုပ်လှူဒါန်းမှာဖြစ်ပါသည်။

အလင်းရောင်ပရဟိတ၏ ပထမဆုံးအကြိမ်အဖြစ် ၆.၄.၂၀၁၂ သောကြာနေ့ နံနက် (၆)နာရီမှစ၍ (၈)နာရီထိ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ဆွမ်းတော်လောင်းလှူမှာဖြစ်သည့်အတွက် မည်သူမဆို လာရောက်၍ ရဟန်းတော်မြတ်များအား လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်လိုက်ပါသည်။

ထိုဆွမ်းလောင်းပွဲအား အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပသည်ဆိုသော်လည်း မည်သူမဆို လာရောက်လှူဒါန်းနိုင်ပါသည်။
ဆွမ်းလောင်းပွဲဖြစ်မြောက်ရန်အတွက် ချက်ပြုတ်ဝိုင်းကူနေကြသည့်ပုံများကို အပြည့်အစုံကြည့်ရန်
ကျေးဇူးတင်ပါသည်
အလင်းရောင်ပရဟိတ
http://alinyaung.tachileik.net/

Leave a Reply