Latest Stories


ကျိုင်းတုံမြို့ ရပ်တော်မူဘုရားတွင် စုပေါင်းဘုံဆွမ်းလောင်းလှူ ပိတ်သိမ်းခြင်းကို 27.10.2012နေ့တွင်ကျင်းပခဲ့ပါသည်။
ဆွမ်းလောင်ပွဲကို  ဌာနဆိုင်ရာမှ အရာရှိအရာခံများ ဝန်ထမ်းမိသားစုများ ရပ်မိရပ်ဖများ ကျိုင်းတုံမြို့သူမြို့သားများ အခြားရပ်ဝေးမှ မိဘပြည်သူများနှင့်အတူ အလင်းရောင်ပရဟိတအသင်းမှ နာယက ဦးတင့်ဆွေ၊ အတွင်းရေးမှူး ဦးအောင်မြင့်ရှိန်၊ ပြန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ အသင်းသူအသင်းသား (၅၇)ယောက်သည် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ ဆွမ်း လှူဖွယ်ပစ္စည်းအစုစုတို့ဖြင့် လောင်းလှူခဲ့ပါသည်။
အလင်းရောင် ပရဟိတအသင်းမိသားစုမှ ဆွမ်းလောင်လှူခြင်း အမှတ်တရဓါတ်ပုံများကို အသင်းသူအသင်းသားများနှင့်အတူ မျှဝေခံစားနိုင်ရန် ပြန်လည်ဝေမျှလိုက်ပါသည်။

Leave a Reply