28.12.2012 ရက်နေ့တွင် အလင်းရောင် ပရဟိတအသင်းမှ နာရေးကူညီပေးခဲ့ပါသည်။ တာချီလိတ်မြို့ ကချင်ရွာနေ ကွယ်လွန်သူ ဦးလှကို အသက်(၇၅)နှစ် အား ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှ မြို့မ သင်္ချိုင်း သို့ပို့ဆောင် ကာ တရားနာရေစက်ချအမျှပေးဝေခဲ့ပါသည်။ 

အလင်းရောင်ပရဟိတအသင်း (တာချီလိတ်မြို့)
နာရေးကူညီမှု ဓါတ်ပုံများ
DSC04183DSC04187
DSC04185 DSC04186
DSC04182 DSC04181
DSC04180DSC04179
DSC04178 DSC04177
DSC04208 DSC04207
Read More ...


ကျိုင်းတုံမြို့ ရပ်တော်မူဘုရားတွင် စုပေါင်းဘုံဆွမ်းလောင်းလှူ ပိတ်သိမ်းခြင်းကို 27.10.2012နေ့တွင်ကျင်းပခဲ့ပါသည်။
ဆွမ်းလောင်ပွဲကို  ဌာနဆိုင်ရာမှ အရာရှိအရာခံများ ဝန်ထမ်းမိသားစုများ ရပ်မိရပ်ဖများ ကျိုင်းတုံမြို့သူမြို့သားများ အခြားရပ်ဝေးမှ မိဘပြည်သူများနှင့်အတူ အလင်းရောင်ပရဟိတအသင်းမှ နာယက ဦးတင့်ဆွေ၊ အတွင်းရေးမှူး ဦးအောင်မြင့်ရှိန်၊ ပြန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ အသင်းသူအသင်းသား (၅၇)ယောက်သည် တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ ဆွမ်း လှူဖွယ်ပစ္စည်းအစုစုတို့ဖြင့် လောင်းလှူခဲ့ပါသည်။
အလင်းရောင် ပရဟိတအသင်းမိသားစုမှ ဆွမ်းလောင်လှူခြင်း အမှတ်တရဓါတ်ပုံများကို အသင်းသူအသင်းသားများနှင့်အတူ မျှဝေခံစားနိုင်ရန် ပြန်လည်ဝေမျှလိုက်ပါသည်။

Read More ...


15.10.2012 တော်သလင်းလကွယ်နေ့တွင် အလင်းရောင် ပရဟိတအသင်းမှ(၁၄)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူခဲ့ပါသည်။ အလင်းရောင် ပရဟိတအသင်းမှဦးတင့်ဆွေ( နယက )ဦးစိုင်းဝဏ္ဏထွန်း(နယက )ဦးမြင့်ဦး(ဥက္ကဌ)ဦးစိုးမိုး(ဒုဥက္ကဌ) ဦးအောင်မြင့်ရှိန်(အတွင်းရေးမှူး)တို့နှင့်အတူ အသင်းသူအသင်းသားများ တာချီလိတ်မြို့သူမြို့သားများက ပူးပေါင်းလောင်းလှူခဲ့ပုံများကို မှတ်တမ်းတင်အပ်ပါသည်။
ထိုနေ့တွင် သံဃာတော်(၆၈၂) ပါး သီလရှင် (၄၃)ပါးအား ဆွမ်း၊လှူဖွယ်ပစ္စည်းအစုစုတို့ကို လောင်းလှူကာ ရေစက်ချအမျှပေးဝေခဲ့ပါသည်။စာဖတ်သူများအနေဖြင့် အလင်းရောင်ပရဟိတအသင်းမှ ကောင်းမှုအစုစုတို့ကိုမျှဝေခံစားကြပါရန် ဝေမျှလိုက်ပါသည်။ 
 မှတ်တမ်းဓါတ်ပုံများ
 
 
 
Read More ...


11.10.2012နေ့တွင်အလင်းရောင်ပရဟိတအသင်းမှနာယကဦးတင့်ဆွေမှကမကထပြုလုပ်ကာဥက္ကဌဦးမြင့်ဦးနှင့်အသင်းသူအသင်းသားများမှ ဗိုလ်ချူပ်လမ်းပေါ်တွင်အမှတ်(၂) ချစ်ကြည်ရေးတံတားထိပ်မယ်ခေါင်ရပ်ကွက် ၊ဗိုလ်ချူပ်လမ်းနှင့်ပုံလို့လမ်းဆန်ဆိုင်း(က)ရပ်ကွက်၊လားရှိုး ထမင်းဆိုင်ရှေ့ဗိုလ်ချူပ်လမ်းပေါ်(၃)နေရာတွင်ငွေတောင်ဦးကျောင်းမှသံဃာတော်များကို ပင့်ဖိတ်၍လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒန်းကာအန္တရာယ်ကင်းပရိတ်တရားနာကြားခဲ့ပါသည်။
အလင်းရောင်ပရဟိတအသင်းမှအသင်းသူအသင်းများနှင့်တာချီလိတ်မြို့သူမြို့သားတို့အတူပရိတ်တရားတော်နာကြားနိုင်ရန်အတွက်တာချီလိတ်မြို့ယဉ်စည်းကမ်းထိန်းသိမ်းရေး(ယဉ်ထိန်း)တပ်ဖွဲ့မှအရာရှိအရာခံများတပ်ဖွဲ့ဝင်များကကူညီလုပ်ကိုင်ပေးခဲ့ပါသည် ညနေ(၁၅း၀၀)အချိန်တွင်စတင်၍အမှတ်(၂)ချစ်ကြည်ရေးတံတားထိပ်ရှိ မဏ္ဏပ်တွင်စတင်၍ပရိတ်တရားတော်များကိုနာကြားကာ ပုံလို့လမ်းနှင့်ဗိုလ်ချူပ်လမ်းဆုံမဏ္ဏပ်တွင်ဒုတိယ၊လားရှိုးထမင်းဆိုင်ရှေ့ ဗိုလ်ချူပ်လမ်းမဏ္ဏပ်တွင် အလင်းရောင်ပရဟိတအသင်းမိသားစုနှင့်တာချီလိတ်မြို့သူမြို့သားတို့ကပရိတ်တရားများကိုနာကြားခဲ့ပါသည်။ မဏ္ဏပ်များတွင်တရားနာအပြီးတွင်တာချီလိတ်မြို့ဗိုလ်ချူပ်လမ်းပေါ်တွင်အလင်းရောင်ပရဟိတအသင်းသားများက အန္တရာယ်ကင်းစေရန်ပရိတ်သဲများကို ပက်ဖြန်းကာည(၂၁း၀၀)အချိန်ခန့်တွင်အောင်မြင်စွာပြီးဆုံးသွားခဲ့ပါသည်။
 မှတ်တမ်းဓါတ်ပုံများ
 
Read More ...


30.9.2012 တော်သလင်းလပြည့်နေ့တွင် အလင်းရောင် ပရဟိတအသင်းမှ လစဉ် ပြုလုပ်နေကျဖြစ်သော (၁၃)ကြိမ်မြောက် ဘုံဆွမ်းလောင်းလှူပွဲ ကျင်းပခဲ့ပါသည်။
တာချီလိတ်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်မြတ် (၈၁၁)ပါးနှင့် သီလရှင်( ၅၁)ကို ဆွမ်း ၊ဆွမ်းဟင်းတို့နှင့် အခြားလှူဖွယ်ပစ္စည်း အမျိုးမျိုးတို့ကို အလင်းရောင် ပရဟိတ အသင်းမိသားစု နှင့် တာချီလိတ်မြို့သူမြို့သားတို့က  လောင်းလှူခဲ့ပါသည်။
အမှတ်တရ ဓါတ်ပုံများ
Read More ...


23.9.2012 နေ့တွင် အလင်းရောင် ပရဟိတအသင်းဥက္ကဌ ဦးမြင့်ဦး နှင့် အသင်းသားများသည် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံတွင် လူနာများအား ဆန်ပြုတ် တိုက်ကျွေး အလှူဒါနပြုလုပ်ခဲ့ပါသည်။
မှတ်တမ်းဓါတ်ပုံများ
Read More ...


23.9.2012 တာချီလိတ်မြို့ ရွှေတိဂုံ စေတီတော် ရင်ပြင်တွင် အလင်းရောင် ပရဟိတအသင်း မိသားစုမှ သန့်ရှင်းရေးလုပ်ဆောင်ခဲ့ပါသည်။အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သန့်ရှင်းရေးလုပ်ဆောင်သွားပါမည်။မည်သူမဆို အလင်းရောင် ပရဟိတ အသင်းမိသားစုနှင့် အတူတကွလုပ်ဆောင်နိုင်ကြောင်းကို နိဗ္ဗာန်ကို အကျိုးမျှော်ကာ နိုးဆော်အပ်ပါသည်။
အလင်းရောင် ပရဟိတအသင်းမိသားစု ရင်ပြင်တော်သန့်ရှင်းရေးလုပ်ဆောင်မှု မှတ်တမ်းဓါတ်ပုံများ



Read More ...