Latest Stories

အလင်းရောင်ပရဟိတအသင်း၏ လစဉ် လပြည့် လကွယ်နေ့တိုင်းတွင် တာချီလိတ်မြို့ရှိ စေတနာရှင်အလှူရှင်များနှင့် ပူးပေါင်း၍  စုပေါင်းဘုံဆွမ်းလောင်းလေ့ရှိရာ ၂၀၁၃ ခုနှစ် ဇူလှိုင်လ ၂၂ ရက်နေ့ ၀ါဆိုလပြည့် နံနက်(၆) နာရီ မှ (၈) နာရီထိ အလင်းရောင်ပရဟိတအသင်း၏ ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် ၃၃ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲတွင် သံဃာတော် အပါး(၈၀၀) ကျော် နှင့် သီလရှင် အပါး(၅၀) ကျော် တို့အား ၀ါဆိုသင်္ကန်းကပ်လှူ ပြီး စည်ကားသိုက်မြိုက်စွာ ဆွမ်းလောင်းလှူခဲ့ကြပါသည်။
ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲ နှင့် (၃၃) ကြိမ်မြောက် ဆွမ်းလောင်းပွဲတွင် အောင်မင်္ဂလာ လူငယ်တေးဂီတ ဆိုင်းဝိုင်းမှလည်း သီဆိုတီးမှုတ် တင်ဆက်ခဲ့ပါသည်။
ထိုသို့ ဆွမ်းလောင်းလှူရာတွင် သံဃာတော် (၈၂၀)ပါး နှင့် သီလရှင် (၅၀)ပါး စုစုပေါင်း (၈၇၀)ပါးတို့မှ ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ပါသည်။

Leave a Reply