4.11.2012ကျောင်းသားလူငယ်များအားတာချီလိတ်မြို့ ကြက်ခြေနီအသင်းမှပညာပေးဟောပြောပြုလုပ်ခြင်းလေ့လာရေးခရီးသွားခြင်းအား အလင်းရောင် ပရဟိတအသင်းမှလူငယ်(၂၀၀)ခန့်အားအလင်းရောင်အသင်းမှ ကားများဖြင့် ကြိုပို့ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
 အလင်းရောင် ပရဟိတအသင်းအနေဖြင့် ကြက်ခြေနီအသင်းမှ အကူညီတောင်းခံထားသော သင်တန်းသူသင်တန်းသား(၂၀၀)ခန့်အား တာချီလိတ်မြို့ရွှေတိဂုံစေတီတော်သို့လေ့လာရေးခရီးထွက်ခြင်း ကို အသင်းဝင်များဧ။် ကားများဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။

အလင်းရောင် ပရဟိတအသင်းမှ ဦးနိုင်စိုး၊ဦးဇော်ကြီး၊ဦးဇော်ထွေးအောင်၊ဦးဇော်မင်း၊ဦးမြင့်ဇော်၊ဦးဇာနည်အောင်၊ဦးခင်မောင်ဌေး၊
ဦးသန်းထွန်းအောင်၊ဦးကျော်စိုး၊ဦးအောင်ကျော်စိုးတို့မှ အတူတကွ ကြိုးစားအား
ထုတ်ကာ ကူညီပေးခဲ့ပါသည်။
မှတ်တမ်းဓါတ်ပုံများ




























Read More ...

30.10.2012တာချီလိတ်မြို့ ပြည်သူ့ဆေးရုံတွင် အလင်းရောင်  ပရဟိတအသင်းမှ  လူနာများအား ထမင်းဘူးများ လှူဒန်းခဲ့ပါသည်။

အလင်းရောင် ပရဟိတအသင်းမှ ကောင်းမှုအစုစုကို ဝေမျှလုက်ပါသည်။

မှတ်တမ်းဓါတ်ပုံများ















Read More ...

30.10.2012သီတင်းကျွတ်လပြည့်နေ့ တွင် တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမိသားစုနှင့်တာချီလိတ်မြို့သူမြို့သားတို့က(၁၅)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူခဲ့ကြပါသည်။
ဆွမ်းလောင်းပွဲသို့ အသင်း နာယက ဦးမြင့်သိန်း၊နာယက ဦးတင့်ဆွေ ၊နာယက ဒေါ်အေးသင်း အသင်းဥက္ကဌ ဦးမြင့်ဦး ဒုဥက္ကဌ ဦးစိုးမိုး အတွင်းရေးမျူး ဦးအောင်မြင့်ရှိန် ပြန်ကြားရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ အသင်းသူအသင်းသားများက ဝိုင်းဝန်းကြိုးပမ်းကာတာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်(၆၈၅)ပါး၊သီလရှင်(၅၄)ပါးတို့အားဆွမ်းလောင်းလှူခဲ့ကြပါသည်။အလင်းရောင် ပရဟိတအသင်းမှ တာဝန်ရှိလူကြီးမင်းများ အသင်းသူ အသင်းသားများ လူငယ် များမြို့မိမြို့ဖများစေတနာရှင်များ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


မှတ်တမ်းဓါတ်ပုံများ


























Read More ...