Latest Stories

ယခုနှစ်ရဲ့ သြဂုတ်လ(၄)ရက်နေ့ ၊ ည (၈)ခွဲခန့်တွင် ဟောင်လိတ်ကျေးရွာအုပ်စု ၀မ်လုံရွာထဲရှိ လမ်းဘေး(ညာဖက်ခြမ်း)တွင် အသက်(၃၃)နှစ် အရွယ် လူတစ်ဦး သေဆုံးနေသည်ကို အနီးအနား လူများမှ တွေ့ရှိရ၍ နီးစပ်ရာဌာနသို့ သတင်းပို့သည်ကို သိရှိရသည်။


သေဆုံးသူသည် အရက်များအလွန်အကျွံမူးနေခြင်းဖြစ်သည်ကို တွေ့ရရှိပြီး ဦးခေါင်းတွင် အနည်းအငယ်ဒဏ်ရ၍ သေဆုံးနေကြောင်း တွေ့ရှိရကာ၊ အများမှ ၎င်းအား ယာဉ်တစ်စီးစီးမှ ပွတ်တိုက်သွားဟန်ရှိပြီး အမူးလွန်သွားခြင်းလည်းဖြစ်ကာ ပြန်မထနိုင်တော့ပဲ အအေးမိကာ သေဆုံးသွားဟန်ရှိသည်ဟု အများမှယူဆကြသည်။ ထို့ပြင် သေဆုံးသူမှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည်ဟု သိရှိရသည်။



သို့ပါ၍ 6.82012နေ့တွင် ယာဉ်ထိန်းရဲအုပ်စံသိန်း နှင့် အလင်းရောင်ပရဟိတအဖွဲ့ဝင်တို့သည် သေဆုံးသူ၏ အလောင်းအား ရင်ခွဲရုံမှတဆင့် မြို့မသုသာန်သို့ သွားရောက် သဂြိ င်္ုလ်ပေးခဲ့ပါသည်။

ကောင်းရာသုဂတိလားပါစေ

ပုံများကိုကြည့်ရန်
အလင်းရောင်ပရဟိတအသင်း

One Response so far.

  1. ieiepe says:

    ကောင်းသောလုပ်ငန်းတွေပါ ။ စာလုံးပေါင်းတွေမှားနေပါတယ် စာလုံးကျန်သာတွေလည်းပါနေတယ် ကျွန်တော်ဆရာလုပ်တာမဟုတ်ပါ တက်နိုင်သလောက်ကူညီပေးတာပါ။ သေဆုံး မှာစစ်မှုထမ်းဟောင်း....... 6.82012 ...... တချို့လူတွေဖတ်မိပြီး စာရေးသူအား အထင်သေးမှာကိုမလိုလားလို့ပါ။ ကျေးဇူးတင်ပါတယ်

Leave a Reply