Latest Stories

တာချီလိတ်မြို့ အမျိုး ဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် တရားပွဲအား ၁၁.၂.၂၀၁၂ မှ စ၍ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့ရာ ၁.၃.၂၀၁၂ တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ထိုတရားပွဲစဉ်တစ်လျှောက်လုံး၌ ကျွန်တော်တို့ အလင်းရောင်ပရဟိတအသင်းမှ တရားပွဲ ဝေယျာဝစ္စအဖြစ် အင်တိုက်အားတိုက်ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

(၂၀)ညတိုင်တိုင် ရက်ရှည်တရားပွဲတွင် -

  1. ဆရာတော် ဥူးတိက္ခညန ( 11/12.2.2012 )
  2. ဆရာတော် ဥူးသဒ္ဓမ္မ (ဘိုကလေးဆရာတော်) ( 13/14.2.2012 )
  3. ဆရာတော် ဥူးရေ၀တ ( ကြာနီကန်ဆရာတော် ) ( 15/16.2.2012 )
  4. ဆရာတော် ဥူးဘဒ္ဒန္တစန္ဒသူရိယ ( အောင်စင်္ကြာံဆရာတော်) ( 17/18.2.2012 )
  5. ဆရာတော် အရှင်ပညိသာရ (ဓမ္မဒူတ) ( 19.2.2012 )
  6. ဆရာတော် အရှင်ဥာဏိတရ ( သီတဂူဆရာတော် ) ( 20/21.2.2012 )
  7. ဆရာတော် ဥူး နန္ဒောဘာသဘိဝံသ ( ကျိုက်ထိုဆရာတော် ) ( 22.2.2012 )
  8. ဆရာတော် အရှင်ရာဇိန္ဒ ( အောင်မေတ္တာ ဆရာတော် ) ( 23/24.2.2012 )
  9. ဆရာတော် ဥူးဘဒ္ဒန္တတေဇောသာရ ( ပဲခူးဆရာတော် ) ( 25/26.2.2012 )
  10. ဆရာတော် ဥူးဘဒ္ဒန္တပညာနန္ဒ ( သီတဂူကြယ်တစ်ပွင့် ဆရာတော် ) ( 27/28.2.2012 )
  11. ဆရာတော် ရွှေပြည်အရှင်အာလောက ( မလွန်ဆန်လှူအသင်း၏ ) ( 29.2.2012/1.3.2012 )
ဆရာတော်(၁၁)ပါးတို့က နိဗ္ဗာန်ရောက်ကြောင်းတရားတော်မြတ်များကို ဟောကြားတော်မှုခဲ့ကြသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦

(၁၅)ကြိမ်မြောက်၏ နောက်ဆုံး (၂)ညတာ တရားပွဲ အစီအစဉ်တွင် မလွန်ဆန်လှူအသင်းကြီး၏ နယ်လှည့်ဓမ္မကထိက ဖြစ်သော ဆရာတော် ရွှေပြည်အရှင်အာလောက (ဓမ္မာစရိယ) မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မှုခဲ့သည်ကို မှတ်တမ်းတင်အပ်ပါသည်။

အလင်းရောင် ပရဟိတ လူငယ်များမှာ ကော်ဖီအလှူဒါန ( ကော်ဖီကျိုနေစဉ်)
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တာလော့ ပရဟိတလူငယ်များ မှ ကြာဇံကြော် အလှူဒါန
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အလင်းရောင် ပရဟိတ လူငယ်များမှ ဘီစကစ်အလှူဒါန
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အလင်းရောင် ပရဟိတ လူငယ်များ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

လူကြီး လူငယ် စုံလင်လှတယ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရားသဘင်တော် ကြွတော်မှုစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရားနာလာ ပရိတ်သတ်များ..
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရားနာလာ ပရိတ်သတ်များ..
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရားသဘင်မှ ပြန်လည်ထွက်ခွာစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရားပွဲဖြစ်မြောက်ရေးနှင့် အလင်းရောင်ပရဟိတလူငယ်များ အပြင် တရားနာလာသော
ပရိသတ်များမှာလည်း ဖျာများကို ကူသိမ်းပေးနေပုံ...........
......

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရားပွဲဖြစ်မြောက်ရေးနှင့် အလင်းရောင်ပရဟိတလူငယ်များ အပြင် တရားနာလာသော
ပရိသတ်များမှာလည်း ဖျာများကို ကူသိမ်းပေးနေပုံ.................
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

"တရားတစ်ပွဲ၏ တန်ဖိုးသည်"
စင်္ကြံဝဠာ တစ်ခုလုံးကို သံမံတလင်းခင်းလိုက်ပါ ဘုရားနှင့်ရဟန္တာများ အကြားမလပ်ထိုင်ခိုင်းပါ။ ပြီးလျှင် ဘ၀ဂ်အထိအမြှင့်ပြီးထပ်လိုက်ပါ။ ပြည့်သွားလျှင် ကြာသင်္ကန်းတစ်စုံစီလှူလိုက်ပါ။ အဲ့ဒီအလှူမျိုး (၂၅၆)ကြိမ်လှူမှသာ တရားတစ်ပွဲဟောပြောခြင်း ဖြစ်မြောက်ခြင်းနှင့် ညီမျှကြောင်း ဆရာတော်ကြီးများမှ ကျမ်းနှင့်အညီဟောပြောထားပါသည်။
{ပဋိစ္စသမုပ္ပါဒ်သင်တန်း အမှတ်စဉ် - ၅/၆/၇}
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ပုံများကို အစုံအလင်ကြည့်လိုလျှင်

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net

Leave a Reply