12/13/14.10.2012တာချီလိတ်မြို့ ရွှေဟင်္သာကျောင်းတိုက် ပထမ အကြိမ် အသံမစဲ မဟာပဌာန်းရွက်ဖတ်ပူဇော်ပွဲ တွင် (၃)ရက်တိုင်တိုင် အလင်းရောင် ပရဟိတအသင်းမှ ဆွမ်းကပ်လှူခဲ့ပါသည်။အလင်းရောင် ပရဟိတအသင်းမိသားစုမှ အလှူဒါနများကို ပြန်လည်ဝေမျှလိုက်ပါသည်။
မှတ်တမ်းဓါတ်ပုံများ
Read More ...

4.11.2012ကျောင်းသားလူငယ်များအားတာချီလိတ်မြို့ ကြက်ခြေနီအသင်းမှပညာပေးဟောပြောပြုလုပ်ခြင်းလေ့လာရေးခရီးသွားခြင်းအား အလင်းရောင် ပရဟိတအသင်းမှလူငယ်(၂၀၀)ခန့်အားအလင်းရောင်အသင်းမှ ကားများဖြင့် ကြိုပို့ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
အလင်းရောင် ပရဟိတအသင်းအနေဖြင့် ကြက်ခြေနီအသင်းမှ အကူညီတောင်းခံထားသော သင်တန်းသူသင်တန်းသား(၂၀၀)ခန့်အား တာချီလိတ်မြို့ရွှေတိဂုံစေတီတော်သို့လေ့လာရေးခရီးထွက်ခြင်း ကို အသင်းဝင်များဧ။် ကားများဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။
အလင်းရောင် ပရဟိတအသင်းမှ ဦးနိုင်စိုး၊ဦးဇော်ကြီး၊ဦးဇော်ထွေးအောင်၊ဦးဇော်မင်း၊ဦးမြင့်ဇော်၊ဦးဇာနည်အောင်၊ဦးခင်မောင်ဌေး၊ဦးသန်းထွန်းအောင်၊ဦးကျော်စိုး၊ဦးအောင်ကျော်စိုးတို့မှ အတူတကွ ကြိုးစားအား ထုတ်ကာ ကူညီပေးခဲ့ပါသည်။
မှတ်တမ်းဓါတ်ပုံများ
Read More ...


13.11.2012 သီတင်းကျွတ်လကွယ်နေ့ တွင်အလင်းရောင်ပရဟိတအသင်းနှင့် တာချီလိတ်မြို့သူမြို့သားတို့မှ (၁၆)ကြိမ်မြောက်ဘုံဆွမ်းလောင်းလှူပွဲ ကျင်းပပြီး လေယာဉ်ကွင်းကျောင်းတိုက်သို့ စုပေါင်း မဟာဘုံကထိန် လှည့်လည်ပို့ဆောင်ခဲ့ပါသည်။
(၁၆)ကြိမ်မြောက် ဘုံဆွမ်းလောင်းပွဲအား အသင်းဥက္ကဌ ဦးမြင့်ဦး ဒုဥက္ကဌ ဦးစိုးမိုး အတွင်းရေးမှူး ဦးအောင်မြင့်ရှိန် ပြန်ကြားရေးမှူး ဦဝင်းနိုင်နှင့် အသင်းတာဝန်ရှိသူများ အသင်းသူ အသင်းသားများ စေတနာရှင်လူငယ်များ မြို့မိမြို့ဖများနှင့် တာချီလိတ်မြို့သူမြို့သားတို့က စုပေါင်းလောင်းလှူသွားခဲ့ပါသည် ဆွမ်းလောင်းပွဲပြီးဆုံးသွားသော်တာချီလိတ်မြို့လေယာဉ်ကွင်းကျောင်းတိုက်သို့ အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကာ ပဒေသာပင်နှင့်တကွ လှူဖွယ်ဝထ္တုအစုစုတို့အား တာချီလိတ်မြို့တွင်းမှ လေယာဉ်ကွင်းကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့ပုံများကို မှတ်တမ်းဓါတ်ပုံနှင့်တကွ သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် ဝေမျှလိုက်ပါသည်။



Read More ...


ဆွမ်းလောင်းပွဲဖြစ်မြောက်ရေးအတွက် အသင်းနာယက ဒေါ်အေးသင်း အသင်းဥက္ကဌ ဦးမြင့်ဦး  ဒုဥက္ကဌဦးစိုးမိုး အတွင်းရေးမှူး ဦးအောင်မြင့်ရှိန် ပြန်ကြားရေးမှူး ဦးဝင်းနိုင် အသင်းတာဝန်ရှိသူများ အသင်းသူ အသင်းသားများ စေတနာရှင်လူငယ်များ မြို့မိမြို့ဖများ မြို့သူမြို့သားတို့က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါသည်။

M2U01968.MPG_000002263DSC02923

Read More ...


၆.၁၂.၂၀၁၂ ရက်နေ့တွင် တာချီလိတ်မြို့ အလင်းရောင် ပရဟိတအသင်းမှ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မစိုးရိမ်တိုက်သစ်ပရိယတ္တိစာသင်တိုက်တွင် သံဃာတော် အပါး(၂၈၅၉)ပါးအား ကထိန်သင်္ကန်း (၂၈၅၉)စုံ၊ လှူဘွယ်ပစ္စည်းအစုစုနှင့်နေ့ဆွမ်းကပ်လှူကာ ရေစက်ချအမျှပေးဝေခဲ့ပါသည်။
အလှူပွဲဖြစ်မြောက်ရေးအတွက် အလင်းရောင် ပရဟိတအသင်း(တာချီလိတ်မြို့)မှ နာယက ဦးတင့်ဆွေ၊နာယက ဦးစိုင်းဝဏ္ဏထွန်း၊
နာယက ဒေါ်အေးသင်း၊အသင်းဥက္ကဌ ဦးမြင့်ဦး၊၊ပြန်ကြားရေးမှူး ဦးဝင်းနိုင် နှင့် အဖွဲ့ဝင် ဦးသန်းထိုက်စိုး၊အဖွဲ့ဝင် ဦးကျော်အေးနှင့် အသင်းသူအသင်းသားများမှဦးစီးကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဆက်ကပ်လှူဒန်းခဲ့ပါသည်။ အလင်းရောင် ပရဟိတအသင်းမှ ကောင်းမှုကုသိုလ် အစုစုတို့ကို သာဓုအနုမောဓနာခေါ်ဆိုနိုင်ရန် မျှဝေလိုက်ပါသည်။
အလင်းရောင် ပရဟိတအသင်း(တာချီလိတ်မြို့)

DSC03428 Copy of DSC03421
DSC03413 DSC03419
DSC03422  DSC03412
DSC03429 DSC03430
DSC03431 DSC03432
DSC03439 DSC03440
DSC03441 DSC03443
DSC03446 DSC03448
DSC03455 

Read More ...


28.12.2012 ရက်နေ့တွင်လစဉ် ပြုလုပ်နေကျဖြစ်သော အလင်းရောင် ပရဟိတအသင်းနှင့် တာချီလိတ်မြို့သူမြို့သားတို့မှ ဘုံဆွမ်းလောင်းလှူပွဲကျင်းပပြုလုပ် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ အကြောင်းအအမျိုးမျိုးကြောင့် (၁၈)ကြိမ်မြောက် ဘုံဆွမ်းလောင်းပွဲ အား မှတ်တမ်းမယူဖြစ်ခဲ့ပါ။
အလင်းရောင် ပရဟိတအသင်း (တာချီလိတ်မြို့)

M2U03087.MPG_000053543M2U03057.MPG_000025318
Read More ...